
မန်စီးတီးအသင်းသည် အားနည်းနေသည့် ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် လန်းစ်အသင်း၏ ဥဇဘက်ခံစစ်အတွင်းလူ ခူဆာနော့ဗ်ကို ယူရိုသန်း ၄၀+Add-ons ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် BBC နှင့် The Guardian သတင်းဌာနတို့၏ ဖော်ပြမှုအရ မန်စီးတီးအသင်းအနေဖြင့် အသက် ၂၀ သာရှိသေးသည့် ခူဆာနော့ဗ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ (ပေါင် ၃၃ ဒသမ ၅ သန်း) အပြင် Add-ons ကြေး ထပ်မံပေးချေရမည်ဖြစ်သည်။
လန်းစ်အသင်းသည် ဥဇဘက်ကစ္စတန် လက်ရွေးစင်ကစားသမား ခူဆာနော့ဗ်ကို ၂၀၂၃ ခုနှစ် ဇူလိုင်တွင် ဘယ်လ်ဂျီယံကလပ် Energetik-BGU အသင်းမှ ယူရိုတစ်သိန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ခွဲအကြာမှာပင် အမြတ်အစွန်းများစွာရဖွယ်ရှိနေခြင်းဖြစ်သည်။
ခူဆာနော့ဗ်အနေဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ဖြစ်ပါက ပရီးမီးယားလိဂ်၌ကစားခွင့်ရသည့် ပထမဆုံး ဥဇဘက်ကစ္စတန်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သလို မန်စီးတီးအသင်းအတွက်လည်း ၂၀၁၈ ဇန်နဝါရီတွင် လာပေါ့တ်ကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ခုနစ်နှစ်အကြာမှသာ တစ်ကျော့ပြန်ခေါ်ယူမှု ဖြစ်ကြောင်း သိရသည်။
ခူဆာနော့ဗ်သည် ဇန်နဝါရီ ၁၀ ရက်တွင် လန်းစ်အသင်း၏ လေ့ကျင့်မှုအစီအစဉ်၌ ပါဝင်ခဲ့ခြင်းမရှိရာ မန်စီးတီးအသင်းသို့ရောက်ရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းထားသည်။ ထို့ပြင် မန်စီးတီးအသင်းသည် ဖရန့်ဖတ်အသင်း၏ အီဂျစ်တိုက်စစ်မှူး မာမွတ်ရှ် (၂၅ နှစ်) နှင့် ဘရာဇီးကလပ် ပါးလ်မီးရပ်စ်အသင်း၏ လူငယ်ခံစစ်အတွင်းလူ ဗစ်တာရီးစ် (၁၈ နှစ်) ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်