
ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အသင်းဥက္ကဋ္ဌ လာပေါ်တာ၏ ထောက်ခံမှုကိုရရှိသည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
ရော်နယ်လ်ကိုးမန်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၂ ဇွန်လ (၃၀)ရက်အထိ စာချုပ်ချုပ်ထားသော်လည်း ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် လာလီဂါနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် အောင်မြင်မှုမရခဲ့သဖြင့် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သူဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ရော်နယ်လ်ကိုးမန်းအနေဖြင့် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့သည်။
ထို့ကြောင့် ရော်နယ်လ်ကိုးမန်းက အသင်းဥက္ကဋ္ဌကို ထောက်ခံမှုကို ရရှိသည့်အတွက် ဝမ်းသာကြောင်းနှင့် အောင်မြင်မှုများ ရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရော်နယ်လ်ကိုးမန်းက "အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေကို လာမယ့်ရာသီအတွက် အာရုံစိုက်ထားပါလို့ ပြောဖို့အတွက် ကျွန်တော် စိတ်သက်သာရာ ရသွားပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဥက္ကဋ္ဌရဲ့ ထောက်ခံမှုကို ရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ အခု အားလုံးတည်ငြိမ်သွားပါပြီ။ အားလုံးရဲ့ ရည်မှန်းချက်တွေက အတူတူပါပဲ။ ဘာစီလိုနာအသင်းကို အောင်မြင်တဲ့အသင်းအဖြစ် တည်ဆောက်သွားမှာဖြစ်ပြီး ဆုဖလားတွေ ရယူသွားမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်