Top News

အနီရောင်မုန်တိုင်းတစ်ခုအကြောင်း
24htopnews | January 12, 2025 5:12 PM CST

၂၀၁၀ ကမ္ဘာ့ဖလားဟာ ဒဲလ်ဘော့စကေးအ တွက် ပြင်းထန်တဲ့စိန်ခေါ်သံပါပဲ။ အောင်မြင်မှုကို ရယူတာထက် ထိန်းသိမ်းရတာပိုခက်တယ်ဆိုတဲ့  စကားအတိုင်း ဒဲလ်ဘော့စကေးအတွက် အရာ အားလုံးဟာ မချောမွေ့ခဲ့ဘူး။ အုပ်စုအဆင့်မှာ သံသယဝင်ချင်စရာစွမ်းဆောင်ရည် မြင်ခဲ့ရသလို၊ ရှုံးထွက်အဆင့်မှာလည်း အောင်မြင်မှုအိပ်မက် အေးခဲမလိုဖြစ်ခဲ့သေးတယ်။ ဒေးဗစ်ဗီလာ က "ကျွန်တော်တို့အသင်းနဲ့ပွဲမှာ ပါရာဂွေးက အ သက်ကိုစတေးမယ့်အတိုင်းတုံ့ပြန်ခဲ့တယ်။ ကာ ဆီးလက်စ်က ပယ်နယ်တီကာကွယ်ခဲ့သလို၊ အ လွန်ဆိုကလည်း ပယ်နယ်တီ (၂)ကြိမ်လွဲခဲ့ တယ်" လို့ ပြန်ပြောပြတယ်။ စပိန်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ (၁-၀)ဂိုးရလဒ်နဲ့ (၃)ပွဲဆက်အနိုင်ရပြီး ဂျိုဟန်နက်စ်ဘတ်က ဗိုလ်လုပွဲဆီ ရောက်ခဲ့ပါပြီ။


READ NEXT
Cancel OK