Top News

ယူရိုပြိုင်ပွဲလွဲချော်ခဲ့သည့် အာနိုးလ်၏နေရာကို ရိုမေးနီးယားနှင့်ပွဲပြီးမှသာ အင်္ဂလန်အသင်း အစားထိုးမည်
24htopnews | January 12, 2025 5:12 PM CST

 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် သည် ယူရိုပြိုင်ပွဲနှင့်လွဲချော်ခဲ့သည့် နောက်ခံလူ အာနိုးလ်၏နေရာကို ဇွန် ၆ ရက်တွင် ကစားမည့် ရိုမေးနီးယားနှင့်ပွဲပြီးမှသာ အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်နောက်ခံလူ အာနိုးလ်သည် ဇွန် ၂ ရက်က သြစတြီးယားအသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရသည့် ခြေစမ်းပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ပြီး Scan စစ်ဆေးမှုအရ ယူရိုပြိုင်ပွဲကိုလွဲချော်ရန် သေချာသွားပြီဖြစ်သည်။ အသက် ၂၂ နှစ်ရှိပြီဖြစ်သူ အာနိုးလ် သည် ယင်းဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရဖွယ်ရှိပြီး ကလပ်အသင်းနှင့် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်သွားမည်ဖြစ်သည်။

"ထရန့်အလက်ဇန္ဒားအာနိုးလ်က UEFA ယူရို-၂၀၂၀ ပြိုင်ပွဲကို လွဲချော်သွားပါပြီ။ လီဗာပူးလ်ကစားသမားက ဗုဒ္ဓဟူးနေ့က မစ်ဒယ်ဘရော့မှာ သြစတြီးယား အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရတဲ့ပွဲ ပွဲပြီးခါနီးမှာ ပေါင်ဒဏ်ရာရရှိခဲ့တာပါ။ ကြာသပတေး နေ့မှာရရှိခဲ့တဲ့ Scan ရလဒ်အရ အသက် ၂၂ နှစ်အရွယ် ကစားသမားအနေနဲ့ လာမယ့် ပြိုင်ပွဲမှာ မကစားနိုင်တော့တာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ပြီး ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေလုပ်ဖို့ ကလပ်အသင်းဆီ ပြန်တော့မှာပါ။ ဂါရတ်ဆောက်ဂိတ်အနေနဲ့ တနင်္ဂနွေနေ့ Riverside Stadium မှာ ရိုမေးနီးယားနဲ့ကစားမယ့် ခြေစမ်းပွဲပြီးတဲ့အထိ အစားထိုးမယ့်သူကို အတည်ပြုကြေညာမှာ မဟုတ်ပါဘူး" ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ထုတ်ပြန်ခဲ့သည်။

ဆောက်ဂိတ်သည် အပြီးသတ် ၂၆ ဦး စာရင်းတွင် အာနိုးလ်အပါအဝင် ညာနောက်ခံလူ လေးဦးအထိ ရွေးချယ်ထားသဖြင့် ဝေဖန်မှုများရှိနေပြီး အရန်စာရင်းမှ ဝက်ဒ်ပရောက် သို့မဟုတ် လင်ဂတ်တို့ ရွေးချယ်ခံရရန် ရေပန်းစားနေသည်။

 


READ NEXT
Cancel OK