Top News

ဘာပေအနေဖြင့် PSG မှထွက်ခွာခဲ့ပါက ရီးယဲလ်မက်ဒရစ်တို့ အလျင်အမြန်လာရောက်လိမ့်မည်ဟု ဘန်ဇီမာဆို
24htopnews | January 12, 2025 5:12 PM CST

ရီးယဲလ်အသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာက PSG အသင်း၏ ပြင်သစ်လက်ရွေးစင်အသင်းဖော် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအနေဖြင့် PSG အသင်းမှထွက်ခွာခဲ့ပါက ရီးယဲလ်မက်ဒရစ်အသင်းသို့ အလျင်အမြန်လာရောက်လိမ့်မည်ဟု AFP နှင့်အင်တာဗျူးအစီအစဉ်တွင်ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် PSG တိုက်စစ်မှူးဘာပေအား အဓိကပစ်မှတ်အဖြစ် ခေါ်ယူရန်ဆန္ဒရှိနေပြီး ဘာပေအနေ ဖြင့်လည်း ပြင်သစ်မြေကို စွန့်ခွာရန်စီစဉ်နေရာ ဘန်ဇီမာအနေဖြင့် ယင်းအပြောင်းအရွှေ့ဖြစ်မြောက်ရန် မျှော်လင့်နေခြင်းလည်းဖြစ်သည်။

အသက် (၂၂)နှစ်အရွယ်ရှိ တိုက်စစ်မှူးဘာပေသည် PSG အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာကျန်ရှိတော့ပြီး PSG အသင်းမှ စာချုပ်သစ်ကမ်းလှမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ ငြင်းဆန်ထားသူဖြစ်သည်။

ရီးယဲလ်အသင်းသည် ဘာပေအား ကာလရှည်ပစ်မှတ်ထားခဲ့သလို ဘာပေအနေဖြင့် ရီးယဲလ်သို့ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်း စပိန်နှင့် ပြင်သစ်မီဒီယာများမှ မကြာခဏဖော်ပြခဲ့ဖူးသည်။

ဘာပေ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဘန်ဇီမာက ''သူ့ (ဘာပေ)အနေနဲ့ PSG အသင်းကနေထွက်ခွာခဲ့မယ်ဆိုရင် ရီးယဲလ်အသင်းဆီ အလျင်အမြန်ရောက်လာပါလိမ့်မယ်။ ထိပ်တန်းကစားသမားအားလုံးဟာ ရီးယဲလ်ကိုလာရောက်ဖို့ ဆန္ဒရှိနေကြတာပါ။ ဘာပေဟာ မြန်ဆန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အရာရာတိုင်းကို ဘယ်လိုစွမ်းဆောင်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်'' ဟုပြောကြားခဲ့သည်။

ဘာပေသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့က မိုနာကိုအသင်းမှ PSG အသင်းသို့ ယူရိုသန်း (၁၈၀)ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး (တစ်ရာသီအငှားကစား နောက်ရာသီအပြီးသတ်ခေါ်ယူ) အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇၁)ပွဲကစားကာ (၁၃၂)ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

ဘန်ဇီမာနှင့် ဘာပေတို့သည် လက်ရှိအချိန်တွင် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်ရန်အတွက် ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ပူးတွဲလေ့ကျင့်လျက်ရှိပြီး ဘာပေအနေဖြင့် ယူရိုပြိုင်ပွဲအပြီးမှသာ အနာဂတ်ကိုဆုံးဖြတ်သွားဖွယ်ရှိနေသည်။


READ NEXT
Cancel OK