Top News

လာပေါ်တာသွားမယ့်လမ်း
24htopnews | January 12, 2025 5:12 PM CST

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရာထူးကို တစ် ကျော့ပြန်ရရှိခဲ့တဲ့ လာပေါ်တာအတွက် ဒီနွေရာသီ က အရေးကြီးလွန်းပါတယ်။ ပြိုပျက်နေတဲ့ ဘာစီလိုနာအသင်းကို ပြန်လည်တည်ဆောက်ရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ရာသီတိုင်းမှာ ပြင်ဆင်မှုတွေ မပြတ်တမ်းလုပ် ဆောင်နေကျဖြစ်ပေမဲ့ အသင်းက တိုးတက်မှု ရှိမလာဘဲ လျော့ကျသလိုသာဖြစ်ခဲ့ပါတယ်။ ဒီ အတွက် အများစုရဲ့ သုံးသပ်ချက်ကတော့ အ ပြောင်းအရွှေ့စျေးကွက်မှာ ရောင်းမှားဝယ်မှား ဖြစ် ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဒါကို ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေလည်း ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒီဘက်နောက်ပိုင်းနှစ်တွေအတွင်း ဘာစီလိုနာအသင်း ခေါ်ယူခဲ့တဲ့ ကစားသမား သစ်တွေထဲမှာ အသင်းအတွက် အားထားရ လောက်သူ မရှိသလောက်ဖြစ်ခဲ့တာလည်း အမှန် ပါပဲ။ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ဂရီးဇ်မန်း ဘယ်သူ မှ ပိုတောက်ပတဲ့ ကြယ်ပွင့်တွေ ဖြစ်မလာခဲ့ပါ ဘူး။ ဒီတော့ အသက်အရွယ်ရလာပြီဖြစ်တဲ့ မက် ဆီရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကလည်း လျော့ ကျမသွားခဲ့ပါဘူး။ မက်ဆီကပဲ မရှိမဖြစ်ကစား သမားအဖြစ် အသင်းအတွက် ရုန်းကန်ပေးနေခဲ့ ရပါတယ်။ ဒီလိုနဲ့ပဲ အသင်းရဲ့အခြေအနေအပေါ် စိတ်ပျက်လာတဲ့ မက်ဆီ ထွက်ခွာခွင့်တောင်းတဲ့ အနေအထားလည်း ဖြစ်လာခဲ့ပါတယ်။ မက်ဆီ လမ်းခွဲစကားပြောခဲ့ခြင်းမှာ တခြားသောအ ကြောင်းအချက်တွေလည်း ရှိခဲ့ပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည်သာ အားရလောက်စရာဖြစ်နေခဲ့ ရင် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာမဟုတ်တာ သေချာပါတယ်။ ဘာစီလိုနာက မက်ဆီအတွက် သူ့မြို့သူ့ရွာ၊ သူ့အိမ်သူ့ရာလို ဖြစ်နေတာကြောင့် တော်ရုံအကြောင်းပြချက်နဲ့ ဒီအသင်းကို စွန့်ခွာ ဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ အခု ဥက္ကဋ္ဌအပြောင်း အလဲက မက်ဆီရဲ့သဘောထားကို အပြောင်း အလဲဖြစ်သွားစေနိုင်ပေမဲ့ ကျေနပ်လောက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့တော့ လိုအပ်ဦး မှာပါ။ ဒီအတွက် အခုနွေရာသီမှာ လာပေါ်တာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မလဲဆို တာက ဘာစီလိုနာပရိသတ်တွေအတွက် ရင်ခုန် စွာ စောင့်ကြည့်ရမယ့်အခြေအနေ ဖြစ်လာခဲ့ပါ တယ်။


READ NEXT
Cancel OK