Top News

ကိုပါအိမ်ရှင်အခွင့်အရေး တောင်းဆိုခဲ့ခြင်းအပေါ် ဘရာဇီးလ်အမတ် ဝေဖန်ခဲ့ပြီး နေမာအား ပြိုင်ပွဲကို သပိတ်မှောက်ပေးရန် တောင်းဆို
24htopnews | January 12, 2025 5:12 PM CST

ပြိုင်ပွဲကျင်းပရန် (၁၀)ရက်ကျော်  သာလိုတော့သည့်အချိန်တွင် အိမ်ရှင်နေရာအတွက် ဘရာဇီးလ်နိုင်ငံက လွှဲပြောင်းကျင်းပခွင့်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ကျင်းပခွင့်ရရှိခဲ့ခြင်းအပေါ် လွှတ်တော်အမတ် ကယ်လ်ဟိုင်းရိုးစ်က ပြင်းထန်စွာဝေဖန်ခဲ့ပြီး၊ နေမာကိုလည်း ပြိုင်ပွဲတွင် ဝင်မပါဘဲ သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

    

ရီနန်ကယ်လ်ဟိုင်းရိုးစ်က ကိုပါအမေရိကပြိုင်ပွဲကို "သေမင်းပြိုင်ပွဲ"ဟု အမည်ပေးခဲ့သလို၊ ဘရာဇီးလ်နိုင်ငံသည် ယခုအချိန်တွင် အာရုံစိုက် သင့်သည့်ပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝရရှိရေး ပြိုင်ပွဲသာ ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ 

ထို့အတူ နေမာကိုလည်း "နေမာရေ။ ကိုပါအမေရိကပြိုင်ပွဲမှာ ဝင်ပါဖို့ မစဉ်းစားပါနဲ့။ ကိုဗစ်ကာကွယ်ဆေးတောင် အလုံအလောက်မရသေးလို့ မင်းရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေ အချိန်မရွေး သေသွားနိုင်တဲ့တိုင်းပြည်မှာ ငါတို့ ပြိုင်သင့်တာက ကိုပါအမေရိက အိမ်ရှင်နေရာ မဟုတ်ဘူး။ ငါတို့ ပြိုင်သင့်တာ ကာကွယ်ဆေးချန်ပီယံရှစ် ပြိုင်ပွဲဖြစ်နေတယ်။ မင်းသွင်းသင့်တဲ့ ဂိုးတွေက ကိုပါအမေရိကပြိုင်ပွဲရဲ့ ဂိုးတွေ မဟုတ်ဘူး။ ကာကွယ်ဆေးအတွက် ဂိုးတွေပဲ ဖြစ်သင့်တယ်။ ငါတို့က အခု ကမ္ဘာ့အဆင့် (၂)ပါ။ ဘောလုံးမှာ အဆင့် (၂)မဟုတ်ပါဘူး။ သေဆုံးသူအရေအတွက်မှာ ကမ္ဘာ့အဆင့် (၂)ဖြစ်နေပါတယ်။ ဘရာဇီးလ်အစိုးရက ဒါကို အခုအထိ မမြင်သေးဘူး"ဟု ဆိုခဲ့သည်။ ဘရာဇီးလ်သည် ယခုပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သည်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(COMMEBOL)သည် မူလက ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲကို ကိုလံဘီယာနှင့် အာဂျင်တီးနားနိုင်ငံတို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း အဆိုပါနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု ပြင်းထန်နေခြင်းကြောင်း အိမ်ရှင်သစ် ရှာဖွေခဲ့ရာ ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲကို ဇွန်လ (၁၁)ရက်နေ့မှ ဇူလိုင်လ (၁၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ 


READ NEXT
Cancel OK