
ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဆုဖလားများ ထပ်မံရယူရန် ဆာလောင်နေဆဲဖြစ်ကြောင်း အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုပြီးနောက် ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူပေးခဲ့သည့် နည်းပြ သောမတ်စ်တူဟယ်လ်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း သောကြာနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဂျာမန်နည်းပြ တူဟယ်လ် (၄၇ နှစ်) ကို ဇန်နဝါရီလကုန်ပိုင်းတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ ကုန်အထိ သက်တမ်းရှိသည့် (၁၈) လစာချုပ်သာ ချုပ်ဆိုထားသည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်းအား ကိုင်တွယ်သည့် (၄)လအတွင်းမှာပင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူပေးနိုင်ခဲ့သလို FA ဖလား ဗိုလ်လုပွဲနှင့် ပရီးမီးယားလိဂ်တွင် အဆင့် (၄)နေရာ ရပ်တည်နိုင်စေရန် စွမ်းဆောင်ပေးခဲ့သည်။
"စာချုပ်သစ် ချုပ်ဆိုတာထက် ပိုကောင်းတဲ့အခိုက်အတန့်ကို ကျွန်တော် တွေးကြည့်လို့တောင် မရပါဘူး။ ချယ်လ်ဆီးမိသားစုရဲ့ အစိတ်အပိုင်းမှာ ရှိနေခွင့်ရတဲ့အတွက် အရမ်းပျော်သလို ကျေးဇူးလည်းတင်ပါတယ်။ နောက်ထပ်အများကြီး ထပ်ဖြစ်လာမှာတွေ ရှိပါသေးတယ်။ ကျွန် တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ရှေ့ဆက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ နောက်ထပ် ဆုဖလားတွေအတွက် ဆာလောင်မှုတွေရှိနေ တုန်းပါပဲ"ဟု တူဟယ်လ်က စာချုပ်သစ်လက် မှတ်ရေးထိုးပြီးနောက် ပြောကြားသည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်းအား ပြိုင်ပွဲစုံ ပွဲ (၃၀) ကိုင်တွယ်ရာတွင် (၁၉) ပွဲ အနိုင်ရကာ (၆)ပွဲသရေ၊ (၅)ပွဲရှုံးနိမ့်ထားပြီး (၃၇) ဂိုးသွင်းယူကာ (၁၆) ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်