
စပိန်စူပါဖလား (Supercopa de Espana) ဗိုလ်လုပွဲတွင် El Clasico ပြိုင်ဘက် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ နောက်ဆုံးသုံးနှစ်ဆက်အပါအဝင် စုစုပေါင်း ၁၀ ကြိမ်မြောက် တွေ့ဆုံနေကြောင်း သိရသည်။
၄၁ ကြိမ်မြောက် စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံ၌ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက် အထိ ကျင်းပလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ရာသီ စပိန်ဘုရင့်ဖလားချန်ပီယံ ဘီလ်ဘာအိုအသင်းနှင့် ဒုတိယရရှိသည့် မာယော့ကာအသင်း၊ လာလီဂါချန်ပီယံ ရီးယဲလ် အသင်းနှင့် ဒုတိယရရှိသည့် ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။
ဇန်နဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းကို ဂါဗီ (၁၇ မိနစ်)၊ ယာမားလ် (၅၂ မိနစ်) တို့ သွင်းယူသည့်ဂိုးများနှင့်အတူ (၂-၀) ဂိုးဖြင့် အနိုင်ရပြီး ဇန်နဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားသည့် ဒုတိယပွဲစဉ်တွင် ရီးယဲလ်အသင်းက မာယော့ကာအသင်းကို ဘယ်လင်ဂမ် (၆၃ မိနစ်)၊ ဗယ်လ်ဂျန့် (၉၀+၂ မိနစ်၊ OG)၊ ရိုဒရီဂို (၉၀+၅ မိနစ်) တို့ သွင်းယူသည့်ဂိုးများနှင့်အတူ (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
သို့ဖြစ်ရာ ဗိုလ်လုပွဲတွင် El Clasico ပြိုင်ဘက် ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့ တွေ့ဆုံနေပြီး ဇန်နဝါရီ ၁၂ ရက် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီခွဲ) တွင် ဆော်ဒီနိုင်ငံ၊ ဂျက်ဒါမြို့ရှိ King Abdullah Sports City ကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
၎င်းတို့နှစ်သင်းသည် စပိန်စူပါ ဖလား ဗိုလ်လုပွဲတွင် နောက်ဆုံးသုံးနှစ်ဆက် အပါအဝင် စုစုပေါင်း ၁၀ ကြိမ်မြောက်(၁၉၈၈၊ ၁၉၉၀၊ ၁၉၉၃၊ ၁၉၉၇၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇၊ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅) တွေ့ဆုံခြင်းဖြစ်ပြီး ယခင်တွေ့ဆုံမှု ကိုးကြိမ်အနက် ရီးယဲလ် အသင်းက ခုနစ်ကြိမ်နှင့် ဘာစီလိုနာအသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်။ ယခုရာသီ ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်း၌ တွေ့ဆုံမှုတွင်မူ ဘာစီလိုနာအသင်းက (၀-၄) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားသည်။
စပိန်စူပါဖလားပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက ချန်ပီယံဆု ၁၄ ကြိမ်ဖြင့် အအောင်မြင်ဆုံး စံချိန်တင်ထားပြီး ရီးယဲလ်အသင်းက ၁၃ ကြိမ်၊ ဘီလ်ဘာအိုနှင့် ဒီပို့တီဗိုအသင်းက သုံးကြိမ်စီ၊ အက်သလက်တီကိုအသင်းက နှစ်ကြိမ်၊ ဗလင်စီယာ၊ ဆီဗီလာ၊ ဇာရာဂိုဇာ၊ မာယော့ကာနှင့် ဆိုစီဒက်အသင်းတို့က တစ် ကြိမ်စီ ဗိုလ်စွဲထားသည်။ လေးသင်းပုံစံပြိုင်ပွဲကို ခြောက်ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်