
လီဗာပူးလ်အသင်းက ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားကို (၈)မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အနေနဲ့ နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံအိပ်မက်နဲ့ ပိုမိုနီးစပ်လာခဲ့ပါတယ်။
လီဗာပူးလ်အသင်းမှာ ဒဏ်ရာရနေတဲ့ မာတစ်ကလွဲလို့ အဓိကကစားသမားအားလုံး ပါဝင်ကစားခဲ့ပြီး မန်စီးတီးကတော့ အပြောင်းအလဲတချို့ရှိခဲ့ပါတယ်။
ပွဲအစ(၁၃)မိနစ်အတွင်းမှာ လီဗာပူးလ်အသင်း ဦးဆောင်ဂိုး(၂)ဂိုးရသွားတာက ပွဲကိုအဆုံးအဖြတ်ဖြစ်စေခဲ့တယ်။
(၆)မိနစ်မှာ ဖာဘင်ညိုသွင်းယူတဲ့အဖွင့်ဂိုးကတော့ အနည်းငယ်အငြင်းပွားစရာဖြစ်ခဲ့ရတယ်။
မန်စီးတီးအသင်း တိုက်စစ်ဆင်ရင်း လီဗာပူးလ်ဂိုးဧရိယာထဲမှာ အာနိုးလ်လက်မောင်းနဲ့ထိခဲ့ပေမယ့် ဒိုင်လူကြီးက ဆက်ကစားစေခဲ့ပြီး ချက်ချင်းပဲ Counter ပြန်ပေါက်ခဲ့တဲ့ဘောလုံးကတစ်ဆင့် ဖာဘင်ညိုက ဂိုးဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းခဲ့တာပါ။
(၇)မိနစ်အကြာမှာ ရောဘတ်ဆန်ရဲ့ဖြတ်တင်ဘောကနေ ဆာလာက ခေါင်းတိုက်ပြီး ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။
ပထမပိုင်းကျန်ပွဲချိန်တွေမှာ မန်စီးတီးအသင်း ကစားပုံပိုကောင်းခဲ့ပေမယ့် ချေပဂိုးတော့ ပြန်မရခဲ့ပါဘူး။
ဒုတိယပိုင်းအစမှာ လီဗာပူးလ်ကပဲ တတိယဂိုးထပ်ရသွားပြီး (၅၁)မိနစ်မှာ မာနေက ခေါင်းတိုက်သွင်းခဲ့ပါတယ်။
မန်စီးတီးအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားက (၇၈)မိနစ်မှာ သွင်းယူခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ်နောက်ဆုံး(၈)ပွဲမှာ (၃)ပွဲအထိ အရေးနိမ့်ပြီး အဆင့်(၄)နေရာကို ဆင်းပေးလိုက်ရပါတယ်။
အခုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ညိုက ရရှိခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်