
စပိန်ထိပ်သီးကလပ်အသင်းများဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ် မက်ဒရစ်အသင်းတို့သည် ၎င်းတို့၏ ကွင်းအမည်မူပိုင်ခွင့်များကို ရောင်းချ မည်ဆိုပါက တစ်နှစ်လျှင် ဝင်ငွေ ယူရို (၃၆.၅)သန်းအထိ ရရှိမည်ဖြစ်ကြောင်း အမေရိကန်စစ်တမ်းတစ်ခု က ဖော်ပြခဲ့သည်။
အမေရိကန်အခြေ စိုက် ကုမ္ပဏီတစ်ခုသည် နာမည်ကျော် ဘောလုံးကွင်းများဖြစ်သည့် နူးကမ့် နှင့် ဘာနေဗျူးတို့၏ အမည်မူပိုင်ခွင့် များကို ရောင်းချမည်ဆိုပါက ဝင်ငွေ မည်မျှရမည်ကို တွက်ချက်ခဲ့ခြင်းဖြစ် သည်။
အဆိုပါစစ်တမ်းတွင် ဘော လုံးကွင်းများ၏ နာမည်ကျော်ကြားမှု နှင့် တည်ဆောက်မှု၊ အသင်းရှိကစား သမားများ၏ နာမည်ကျော်ကြားမှုများ ကို ထည့်သွင်းတွက်ချက်ခဲ့ကြောင်း သိရသည်။
ယင်းစစ်တမ်းအရ နူးကမ့် နှင့် ဘာနေဗျူးကွင်းတို့၏ အမည်မူ ပိုင်ခွင့်တန်ဖိုးမှာ နာမည်ကျော် မန်ယူ အသင်း၏ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ် ထက်ပင် ပိုများနေကြောင်း သိရသည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းအမည်ကို မူပိုင် ခွင့် ရောင်းချမည်ဆိုပါက ယူရို(၃၀.၅) သန်းရရှိမည်ဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်