Top News

၂၀၂၄-၂၀၂၅ ရာသီ FA ဖလားပြိုင်ပွဲ၏ တတိယအဆင့်နှင့် စတုတ္ထအဆင့် ပွဲစဉ်အားလုံး VAR အသုံးပြုမည်မဟုတ်
24htopnews | January 11, 2025 2:12 PM CST

 

၂၀၂၄-၂၀၂၅ ရာသီ FA ဖလားပြိုင်ပွဲ ၏ တတိယအဆင့်နှင့် စတုတ္ထအဆင့် ပွဲစဉ်အားလုံးတွင် VAR စနစ် အသုံးပြုမည်မဟုတ်ကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် FA ဖလားပြိုင်ပွဲ၌ VAR စနစ် အသုံးပြုမှုကို ၂၀၁၇-၂၀၁၈ ရာသီတွင် စတင်ခဲ့ပြီး အခြေခံအဆောက်အအုံနှင့် ကုန်ကျစရိတ် ကန့်သတ်ချက်များကြောင့် ထိုစဉ်က ပရီးမီးယားလိဂ် ကလပ်များ၏ အိမ်ကွင်းပွဲစဉ်များ၌သာ အသုံးပြုခဲ့သည်။ 

သို့သော် ယခုရာသီတွင် ပရီးမီးယားလိဂ်ကလပ်များ စတင်ပါဝင်လာသည့် တတိယအဆင့်နှင့် စတုတ္ထအဆင့်ပွဲစဉ်များကိုပါ VAR စနစ် အသုံးပြုတော့မည်မဟုတ်ဘဲ ပဥ္စမအဆင့်မှသာ စတင်အသုံးပြုမည်ဖြစ် ကြောင်း သိရသည်။ FA ဖလားပြိုင်ပွဲကို ပထမအဆင့်မှ ဗိုလ်လုပွဲအထိ စုစုပေါင်း အဆင့်ရှစ်ခုဖြင့် ကျင်းပလျက်ရှိပြီး ပထမအဆင့်တွင် Non-League ကလပ် ၃၂ သင်း၊ League Two ကလပ် ၂၄ သင်းနှင့် League One ကလပ် ၂၄ သင်း စတင်ယှဉ်ပြိုင်ရကာ ပရီးမီးယားလိဂ်ကလပ် အသင်း ၂၀ နှင့် ချန် ပီယံရှစ်ကလပ် ၂၄ သင်းမှာမူ တတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

FA သည် ယခုရာသီတွင် စည်းမျဉ်းအချို့ ကိုလည်း အပြောင်းအလဲပြုလုပ်ထားပြီး မိနစ် ၉၀ ပြီးဆုံးချိန်အထိ သရေရလဒ်ထွက်ပေါ်ပါက ပြန်ကန်ပွဲကစားရသည့်စနစ်ကို ပထမအဆင့်မှ စတင်ဖျက်သိမ်းကာ သရေကျပါက အချိန်ပိုနှင့် ပယ်နယ်တီ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ပြန်ကန်ပွဲမပါဝင်သည့်စနစ် အသုံးပြုရန် FA နှင့် ပရီးမီးယားလိဂ်အကြား ခြောက်နှစ်သဘောတူညီမှုရရှိထားကြောင်း သိရသည်။


READ NEXT
Cancel OK