
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုကြောင့် မေဂျာလိဂ်ကလပ် LAFC အသင်း တိုက်စစ်မှူးဟောင်း ကားလို့စ်ဗီလာ၏နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရပြီး မိသားစုဝင်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး လော့စ်အိန်ဂျလိစ်နှင့် ဗန်တူရာဒေသတွင် အဓိက ဖြစ်ပွားလျက်ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် ၅၅ စတုရန်းမိုင်အထိ မီးလောင်ပျက်စီးလျက်ရှိပြီး သေဆုံးသူ ငါးဦးမှ ၁၀ ဦးကြားရှိကာ ဒေသ ခံ ၁၈၀၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသလို နေအိမ်အပါအဝင် အဆောက်အအုံပျက်စီးမှုများစွာရှိကြောင်း သိရသည်။ LAFC အသင်းအတွက် ပွဲအများဆုံးနှင့် ဂိုးအများဆုံး စံချိန်တင်ထားသူ ကားလို့စ်ဗီလာ၏ မာလီဘူးကမ်းခြေရှိ နေအိမ်မှာလည်း မီးလောင်မှုကြောင့် ပျက်စီးသွားပြီဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူက လူမှုမီဒီယာတွင် အတည်ပြုပြောကြားထားသည်။
"ကျွန်မတို့ရဲ့ လှပတဲ့ မာလီဘူးအိမ်က မီးလောင်သွားပါပြီ။ ဖြစ်နေတဲ့ အရာအားလုံးအတွက် ကျွန်မတို့ ထိတ်လန့်တုန်လှုပ်နေတုန်းပါပဲ။ အားလုံးမီးလောင်နေတာကို မြင်နေရတာက အရမ်းဝမ်းနည်းပြီး ကြောက်စရာကောင်းပါတယ်။ ကျွန်မတို့ အတွက် စိုးရိမ်ကြတဲ့မက်ဆေ့ချ်အားလုံး ရရှိထားပါတယ်။ ကျွန်မတို့ ဘေးကင်းပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘေးဒုက္ခခံစားရသူအားလုံးကို မေတ္တာများစွာပို့သပါတယ်။ မကြာခင်မှာ ဒီမီးလောင်မှုကို ထိန်းချုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ကားလို့စ်ဗီလာ၏ ဇနီး ဖြစ်သူက ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသမီးကလပ်အသင်းဖြစ်သည့် အိန်ဂျယ်စီးတီးအသင်းနောက်ခံလူ အလီရီလေးကလည်း ၎င်း၏နေအိမ်မီးလောင်သွားပြီဖြစ်ကြောင်း X တွင် ဓာတ်ပုံတင်၍ အသိပေးပြောကြားထားသည်။ "ဒါက ကျွန်မတို့အိမ်ပဲ။ ဒါက ဘယ်လို ဖြစ်ရတာလဲ။ အစစ်အမှန်မဖြစ်နိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။
တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည့် NXL (ဟော်ကီ) နှင့် NBA (ဘတ်စကက်ဘော) ပွဲစဉ်များ ရွှေ့ဆိုင်းထားရကြောင်းလည်း သိရသည်။ "လော့စ်အိန်ဂျလိစ်အတွက် ဝမ်းနည်းရပါတယ်။ မိမိတို့ရဲ့အတွေးတွေဟာ ထင်မှတ် မထားတဲ့ ဒီအခြေအနေကြောင့် သက်ရောက်မှုအားလုံးအပေါ်မှာ ရှိနေပါတယ်။ တစ်ဦးနဲ့ တစ်ဦး အလိုအပ်ဆုံးအချိန်မှာ အတူတူရှိနေခဲ့တာဖြစ်လို့ LA နဲ့ အတူရှိနေမှာပါ" ဟု LA Lakers အသင်းက ထုတ်ပြန်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်မှာ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်