
အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ HMPV ဗိုင်းရပ်စ်ကူးစက်ခံရသူ၂၀၀ ကျော်ရှိကာ HMPV အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုဖြစ်စဉ်များ မြင့်တက်နေစဉ် ပြည်နယ်အစိုးရများကစောင့် ကြည့်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လျက်ရှိ သည်။
တရုတ်တွင် HMPV ဗိုုင်းရပ်စ်ကူးစက် မှုမြင့်တက်နေသည့်သတင်းများသည် နောက် ထပ်ကျန်းမာရေးအရေးပေါ်အခြေအနေတစ် ရပ်ကို စိုးရိမ်မှုများမြင့်တက်စေသည်။
အိန္ဒိယတွင်ဇန်နဝါရီ ၇ ရက်နေ့နောက် ပိုင်း HMPV ဗိုင်းရပ်စ်ကူးစက်ခံရသူကိုးဦး ထက်မနည်းစစ်ဆေးတွေ့ရှိခဲ့သည်။ ဇန်နဝါ ရီ ၉ ရက်က ဂူဂျာရတ်ပြည်နယ် အမီဒါဘတ် မြို့ရှိ အသက် ၈၀ အရွယ်အမျိုးသားတစ်ဦး HMPV ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းစစ် ဆေးတွေ့ရှိခဲ့သည်။
HMPV ဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အသစ် တစ်မျိုးမဟုတ်သည့်အတွက် လူအများအနေဖြင့် စိုးရိမ်စရာမလိုကြောင်းကျန်းမာရေးဝန် ကြီး ဂျေပီနက်ဒါကအစောပိုင်းတွင် ပြောကြားခဲ့သည်။
ဆောင်းရာသီကာလအတွင်း ကူးစက်မှု မြင့်တက်နေခြင်းနှင့်အတူ ကူးစက်မခံရစေ ရန်အတွက် ကြိုတင်ကာကွယ်မှုများပြုလုပ် ရန် ၎င်းင်းကတိုက်တွန်းပြောကြားခဲ့သည်။
HMPV ကူးစက်မှုသည်အိန္ဒိယတွင်အ သစ်အဆန်းမဟုတ်ပေ။ လွန်ခဲ့သည့်နှစ်ဇန်န ၀ါရီလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယတွင်ယင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိသည် ဟု အကြီးတန်းအစိုးရသိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ယင်းဗိုင်းရပ်စ်သည် အိန္ဒိယတွင်နှစ်စဉ် ကူးစက်ဖြစ်ပွားနေပြီး ထူးထူးခြားခြားကူးစက် မှုမြင့်တက်ခြင်းလည်းမရှိပေ။ထို့ပြင်အိန္ဒိယ ၏ပေါင်းစပ်ရောဂါစောင့်ကြည့်ရေးအစီအစဉ် (IDSP)က အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါများ ကူးစက်မှုမြင့်တက်နေသည့်အ ခြေအနေကို မတွေ့ရှိကြောင်း အမည်မဖော် လိုသည့်တာဝန်ရှိသူတစ်ဦးကဆိုသည်။
HMPV ၏အရှည်ကောက်အမည်မှာ human metapneumovirus ဖြစ်သည်။ ယင်းဗိုင်းရပ်စ်သည် များသောအားဖြင့်လူ့ ခန္ဓာကိုယ်၏အသက်ရှူလမ်းကြောင်းများ တွင် အပျော့စားရောဂါကူးစက်မှုကို ဖြစ်ပွား စေသည်။
ထိုဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦး သို့ ကူးစက်ပျံ့နှံ့ခြင်း သို့မဟုတ် ရောဂါပိုးမွှား နှင့်ထိတွေ့ထားသည့် မျက်နှာပြင်ပေါ်ကိုထိ တွေ့မိရာမှတစ်ဆင့် ကူးစက်နိုင်သည်။
အဖြစ်များသည့် ရောဂါလက္ခဏာများ မှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းနှင့် နှာပိတ် ခြင်းတို့ ဖြစ်ပြီး ယင်းလက္ခဏာများသည် ရာသီတုပ်ကွေးနှင့် ဖျားနာသည့် ရောဂါလက္ခဏာများနှင့် ဆင်တူသည်။
ငယ်ရွယ်သည့်ကလေးများ၊ သက်ကြီး ရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများကဲ့သို့ ဒဏ်မခံနိုင်သောလူအုပ်စုများသည် ပိုမိုပြင်း ထန်သော ရောဂါလက္ခဏာများကို ခံစားရနိုင် ဖွယ်ရှိသည်။
HMPV မှာမူ ဆယ်စုနှစ်ပေါင်းများစွာ ကြာ ပျံ့နှံ့နေသော ဗိုင်းရပ်စ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ လူအများအပြားတွင် ကိုယ်ခံအား အချို့ရရှိနေပြီးဖြစ်ကြောင်း WHO ကပြောကြားခဲ့သည်။
“ဒီဗိုင်းရပ်စ်က ဆောင်းရာသီနဲ့ နွေဦး ရာသီမှာ ကူးစက်ဖြစ်ပွားလေ့ရှိသည့်သာမန် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်”ဟုဆိုသည်။
အိန္ဒိယနိုင်ငံတွင် ပထမဆုံးအကြိမ်ယင်း ဗိုင်းရပ်စ်ကူးစက်ခံရသူကို ၂၀၀၃ ခုနှစ်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Ref;mint
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်