Top News

■  အာရူဟိုအတွက် ယူရိုသန်း(၅၀)ဝန်းကျင်ရရှိရန် ဘာစီလိုနာအသင်း အလိုရှိနေ     
24htopnews | January 11, 2025 12:12 AM CST

ဘာစီလိုနာအသင်းသည် ဥရုဂွေးနောက်ခံလူ အာရူဟိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)ဝန်းကျင်ရရှိရန် အလိုရှိနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် အာရူဟို(၂၅ နှစ်)ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။

သို့သော် ဘာစီလိုနာအသင်းသည် အသင်း၏ ဘဏ္ဍာရေးအခြေအနေကြောင့် ၎င်းအား ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားသည့်အသင်းများ ရှိနေသော်လည်း ဘာစီလိုနာအသင်းက ယူရိုသန်း(၅၀)ဝန်းကျင်ရရှိမှသာ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိတွင် အာရူဟိုအား ခေါ်ယူရန် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK