
မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သည့် အာမက်ဒီယာလိုက အသင်းတွင် သမိုင်းသစ် ရေးထိုးလိုကြောင်း ပြောကြားခဲ့သည်။
အာမက်ဒီယာလို(၂၂ နှစ်)သည် ၂၀၂၁ ဇန်နဝါရီတွင် အတ္တလန်တာအသင်းမှ မန်ယူအသင်းသို့ (၅)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး Add-ons ကြေးများနှင့်ဆိုပါက ၎င်းင်း၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း(၄၀)ဝန်းကျင် ရှိမည်ဖြစ်ကြောင်း သိရသည်။
အာမက်သည် ယခုရာသီ၌ အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသည့်အပြင် နည်းပြ အာမိုရင်မ် သဘောကျသည့် ကစားသမားတစ်ဦးဖြစ်သောကြောင့် မန်ယူအသင်းတာဝန် ရှိသူများက ၎င်းကို နှစ်ရှည်သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမက်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
"အခုလို သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ့်ကို ဂုဏ်ယူပါတယ်။ မန်ယူအသင်းရဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သွားချင်ပါတယ်"ဟု အာမက်ဒီယာလိုက ပြောကြားခဲ့သည်။
မန်ယူအသင်း၏ နည်းစနစ်ဒါရိုက်တာ ဝီလ်ကော့စ်ကလည်း အာမက်သည် အသင်း၏အနာဂတ်၌ အရေးပါသူတစ်ဦးဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်