Top News

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက် 
24htopnews | January 11, 2025 12:12 AM CST

ဟော်ဖန်ဟင်မ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်က နောက်ဆုံးနှစ်ပွဲမှာ ဖရိုင်းဘတ်၊ ဒေါ့မွန်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။ ဒီပွဲတော့ ဝုလ်ဖ်ဘတ် အမှတ်ရလိမ့်မယ်။



ဟိုင်းဟိုင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၀၀ နာရီ)

ရလဒ်ဆိုးနေတဲ့ နှစ်သင်း တွေ့ဆုံတာဖြစ်ပေမဲ့ ဟိုင်းဟိုင်က အခြေအနေပိုဆိုးပြီး (၁၀)ပွဲဆက် နိုင်ပွဲပျောက်ကာ (၇)ပွဲ ဆက် ရှုံးထားတယ်။ ဒီပွဲတော့ ဟိုင်းဟိုင် အမှတ်ရနိုင်တယ်။



ဖရိုင်းဘတ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၀၀ နာရီ)

တန်းတက်ကလပ် ဟော်စတိုင်ကီလ်အသင်းက နောက်ဆုံးပွဲမှာ အော့စ်ဘတ်ကို ဂိုးပြတ်အနိုင်ကစားထားပြီး ရှုံးပွဲဆက်နေမှု ရပ်တန့်နိုင်ခဲ့တယ်။ ဖရိုင်းဘတ်ကတော့ အိမ်ကွင်းမှာ အခြေအနေ ပြန်ကောင်းလာနေတယ်။ ဖရိုင်းဘတ် ဂိုးပြတ်နိုင်ဖို့ များတယ်။

 

မိန့်ဇ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၀၀ နာရီ)

တန်းတက်ကလပ် ဟော်စတိုင်ကီလ်အသင်းက နောက်ဆုံးပွဲမှာ အော့စ်ဘတ်ကို ဂိုးပြတ်အနိုင်ကစားထားပြီး ရှုံးပွဲဆက်နေမှု ရပ်တန့်နိုင်ခဲ့တယ်။ ဖရိုင်းဘတ်ကတော့ အိမ်ကွင်းမှာ အခြေအနေ ပြန်ကောင်းလာနေတယ်။ ဖရိုင်းဘတ် ဂိုးပြတ်နိုင်ဖို့ များတယ်။



ဆန့်ပေါ်လီ - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၀၀ နာရီ)

ဆန့်ပေါ်လီအသင်းက အိမ်ကွင်းထက် အဝေးကွင်းရလဒ် ပိုကောင်းနေတယ်။ ဖရန့်ဖတ်ကလည်း ဘွန်ဒစ်လီဂါ(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတယ်။ ဆန့်ပေါ်လီအသင်းနဲ့ စွန့်စားတာ ပိုကောင်းမယ်။



မိုချန်ဂလာဘတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၁၁:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း ဘိုင်ယန်နဲ့ အဆင့်ချင်းအတော် ကွာပေမဲ့ မကြာခဏ ဒုက္ခပေးတတ်တဲ့ အစဉ်အလာတော့ ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီ မိုချန်ကွင်းမှာ ဘိုင်ယန်မြူးနစ် အနိုင်ယူထားပေမဲ့ အသည်းအသန် ကစားခဲ့ရသလို၊ အဲဒီပွဲမတိုင်ခင်မှာတော့ ၂၀၁၉ ခုနှစ်နောက်ပိုင်း နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်ရဲ့အဝေးကွင်းရလဒ်က သိပ်စိတ်မချရသလို၊ အသင်းကောင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရသလို ဖြစ်နေတာ တွေ့ရတယ်။ မိုချန်ကွင်းမှာ ဘိုင်ယန်အသင်း ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။


READ NEXT
Cancel OK