Top News

■ ပုံစံသစ်တစ်မျိုးနဲ့ ခွဲထွက်လာပြီး ပန်းတိုင်ကိုသွားနေတဲ့ နာပိုလီ
24htopnews | January 11, 2025 12:12 AM CST

နာပိုလီက မနှစ်က ဦးဆောင်သူ အင်တာမီလန်နဲ့ (၄၁) မှတ်အထိ ကွာဟခဲ့တယ်။ အဆင့် (၁၀) ရောက်တယ်။ အဲဒီအသင်းဆီ ကွန်တီ ရောက်လာတယ်။ အရာအားလုံး ပြောင်းလဲကုန်တယ်။ ကွန်တီကတော့ လက်ရှိအစုအ ဖွဲ့ဟာ သူပိုင်ဆိုင်ဖူးတဲ့အထဲမှာ စိတ်ဓာတ်အကောင်းဆုံး၊ အတက်ကြွဆုံးထဲက တစ်သင်းဖြစ်ပြီး သူ့စကားကို အထူးနားထောင်ကြတယ်လို့ ဆိုတယ်။ ဆာရီ၊ စပယ်လက်တီတို့ရဲ့ နာပိုလီက လှပကြွရွမှုအပေါ် အခြေခံပေမဲ့ ကွန်တီရဲ့ နာပိုလီကတော့ ကွန်တီရဲ့ စတိုင်လ်အတိုင်း မာကျောကြံ့ခိုင်တယ်။ ကွန်တီနဲ့ပတ်သက်လာရင် အရင်ဆုံး ပြေးမြင်မိမှာက Eat Grass နဲ့ Sweat Blood ဆိုတဲ့ စကားလုံးတွေပါ။ သူက လဲကျတဲ့အထိ အလုပ် လုပ်၊ ပြီးရင် ချက်ချင်းပြန်ထ ထပ်ကြိုးစားဆိုတဲ့ အယူအဆကို လက်ကိုင်ထားတဲ့ သံမဏိလေ့ကျင့်ရေးသမားဖြစ်တယ်။ ဒါကြောင့်လည်း သူ အခုပြောနေတဲ့စကားတွေထဲမှာ အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုဆိုတာတွေ ထပ်နေတာဖြစ်တယ်။

နာပိုလီက မနှစ်က ဦးဆောင်သူ အင်တာမီလန်နဲ့ (၄၁) မှတ်အထိ ကွာဟခဲ့တယ်။ အဆင့် (၁၀) ရောက်တယ်။ အဲဒီအသင်းဆီ ကွန်တီ ရောက်လာတယ်။ အရာအားလုံး ပြောင်းလဲကုန်တယ်။ ကွန်တီကတော့ လက်ရှိအစုအ ဖွဲ့ဟာ သူပိုင်ဆိုင်ဖူးတဲ့အထဲမှာ စိတ်ဓာတ်အကောင်းဆုံး၊ အတက်ကြွဆုံးထဲက တစ်သင်းဖြစ်ပြီး သူ့စကားကို အထူးနားထောင်ကြတယ်လို့ ဆိုတယ်။ ဆာရီ၊ စပယ်လက်တီတို့ရဲ့ နာပိုလီက လှပကြွရွမှုအပေါ် အခြေခံပေမဲ့ ကွန်တီရဲ့ နာပိုလီကတော့ ကွန်တီရဲ့ စတိုင်လ်အတိုင်း မာကျောကြံ့ခိုင်တယ်။ 

    

ကွန်တီနဲ့ပတ်သက်လာရင် အရင်ဆုံး ပြေးမြင်မိမှာက Eat Grass နဲ့ Sweat Blood ဆိုတဲ့ စကားလုံးတွေပါ။ သူက လဲကျတဲ့အထိ အလုပ် လုပ်၊ ပြီးရင် ချက်ချင်းပြန်ထ ထပ်ကြိုးစားဆိုတဲ့ အယူအဆကို လက်ကိုင်ထားတဲ့ သံမဏိလေ့ကျင့်ရေးသမားဖြစ်တယ်။ ဒါကြောင့်လည်း သူ အခုပြောနေတဲ့စကားတွေထဲမှာ အလုပ်ကြိုးစားမှု၊ စိတ်အားထက်သန်မှုဆိုတာတွေ ထပ်နေတာဖြစ်တယ်။ ဒါပေမဲ့ မာကျောမှုသက်သက်ချည်း မဟုတ်ဘူး။ နည်းဗျူဟာကြွယ်ဝမှု အဆီအနှစ်တွေ ပါတယ်။ ကစားသမားတွေရဲ့ အရည်အသွေးကို ဆွဲတင်နိုင်စွမ်းတွေပါတယ်။

      

ပင်ကိုအရည်အသွေးနိမ့်ပြီး ဘောလုံးဦးနှောက် နည်းတယ်လို့ မက်တွမ်မီနေး သတ်မှတ်ခံထားရတာ ဘာကြာသေးလို့လဲ။ အခု နာပိုလီမှာ ကစားနေတဲ့ မက်တွမ်မီနေးကို သွားကြည့်လိုက်ပါဦး။ အေစီမီလန်ကွင်းလယ်ကို လိမ်ခေါက် ကျော်ဖြတ်သွားတာက တွစ်တာမှာ ကျော်ကြားခဲ့ဖူးတယ်။ တကယ်တော့လည်း နာပိုလီမှာ တွမ်မီနေး ကစားနေတာက အေစီမီလန်နဲ့ပွဲတုန်းက အဲဒီအလုပ်ကို သူလုပ်ပြခဲ့တာထက် ပိုတယ်။ တွမ်မီနေးက ၄-၃-၃ ကွင်းလယ်မှာ ကစားရင်း ၄-၂-၄ ပုံစံဖြစ်ဖြစ်သွားတဲ့ Switches တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနေတာ ဖြစ်တယ်။ ဒါဟာ ကွန်တီ ပြောင်းလဲပေးလိုက်တဲ့ မက်တွမ်မီနေး ဖြစ်ပါတယ်။ တွမ်မီနေးရဲ့ အရည်အသွေးကို သူ မြင်တယ်။ မြင်တဲ့အတိုင်း အကောင်းဆုံး အကောင်အထည်ပေါ်လာအောင် ခင်းကျင်းပေးနိုင်တယ်။ ကစားသမားရဲ့ စိတ်ဓာတ်ကိုလည်း ပဲ့ကိုင်ပေးနိုင်တယ်။ မန်ယူနိုက်တက်မှာတုန်းက ဘောလုံးလက်ခံဖို့ ကြောက်တဲ့သူအဖြစ် ဝေဖန်ခံ ရဖူးတဲ့ မက်တွမ်မီနေးဟာ အခု သူကိုယ်တိုင် ဘောလုံးကိုင်ပြီး မောင်းနှင်ကစားနေပြီ။

    

တွမ်မီနေးက ထင်သာမြင်သာရှိတဲ့ ပြယုဂ်လိုဖြစ်နေပေမဲ့ ကွန်တီရဲ့ အဲဒီလိုစိတ်ဓာတ်မောင်းတင်နိုင်မှုက မူလကတည်းက ကမ္ဘာကျော်ပြီးသားပါ။ နာပိုလီမှာလည်း အခြားသောကစားသမားတွေရဲ့ Form ကို သူ ပြန်ယူပေးနိုင်ခဲ့တယ်။ ပိုလီတာနို၊ ရာမန်နီတို့ရဲ့ ခြေစွမ်းဟာ မနှစ်ကနဲ့ သိသိသာသာကွဲပြားသွားပြီး အဓိကဝင်ရိုးတွေဖြစ်လာကြတယ်။ တိုရီနိုက ပြောင်းလာတဲ့ ဘူအွန်ဂျီယော်နိုက အီတလီရဲ့ အကောင်းဆုံးခံစစ်တန်းထဲကို တိုးဝင်တော့မယ့်ခြေစွမ်းနဲ့ ဦးဆောင်မှုအရည်အသွေးတွေကို ပြနေတယ်။ ခေါက်ထားခံရတဲ့ မာသီးယပ်စ်အိုလီဗဲရားက ပုံမှန်ပွဲထွက် ကစားသမားတစ်ဦးရဲ့ ခြေစွမ်းဖြစ်လာတယ်။ မူလက စကော့တလန်ကွင်း လယ်နှစ်ဦးနဲ့ နာပိုလီကွင်းလယ်ကို မောင်းနှင်လိုက်ရင် ကောင်းလိမ့်မယ်လို့ ဘယ်သူက ယုံနိုင်မလဲ။ ကွန်တီ တွဲစပ်ပြထားတဲ့ ဂီလ်မော်-တွမ်မီနေး-အန်ဂီဆာ ကွင်းလယ်က နာမည်ဂုဏ်သတင်းထက် ခြေစွမ်းက သိသာထင်ရှားစွာ ကောင်းမွန်နေတယ်။ ဒီအချက်တွေက ကွန်တီဟာ မာကျောမှုတင် ယူလာတာမဟုတ်ဘူးဆိုတဲ့အကြောင်း သက်သေခံနေတာလည်းဖြစ်တယ်။

    

အစတုန်းက ကွန်တီဟာ သူ သဘောကျတဲ့ ၃-၄-၂-၁ ပုံစံကို သွတ်သွင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ပြီးတော့ ၄-၂-၃-၁ ပြောင်းကြည့်တယ်။ နောက်တော့ ၄-၃-၃ ကို အပြည့်ပြောင်းလိုက်တယ်။ အခုဆိုရင် ဂီလ်မော်ကို ထည့်သွင်းကစားနေပြီ။ လိုဘော့ကာကို ဖြည်းဖြည်းချင်း ဖယ်ထုတ်လိုက်တယ်။ ကွန်တီရဲ့အသင်းဟာ စုစည်းမာကျောမှု အပြည့်ရှိသလို၊ Possessional Football ကိုလည်း ကစားနိုင်တယ်။ တိုက်စစ် ၃ ယောက်တန်းမှာ ပေါက်ကွဲအား၊ တစ်ဦးချင်းကျွမ်းကျင်မှုနဲ့ အရှိန်အဝါတွေ ရှိတယ်။ ဘူအွန်ဂျီယော်နို၊ ရာမန်နီ၊ ဒီလော်ရန်ဇိုတို့ရဲ့ ခံစစ်ကလည်း ကျစ်လျစ်တယ်။ ဒီလိုနဲ့ နာပိုလီဟာ သူတို့ စကူဒက်တို ယူတုန်းက အရှိန်အဝါမျိုး ပြန်လည်ရယူလာနိုင်ခြင်း ဖြစ်ပါတယ်။

    

ဒီထဲမှာ အရေးအပါဆုံးတစ်ဦးက လူကာကူပဲ။ လူကာကူရဲ့ ကစားသမားဘဝဟာ လောကဓံအရိုက်အပုတ်တွေ ခံရပြီး ယိမ်းယိုင်နေခဲ့တာပါ။ ဒါ့အပြင် နာပိုလီရဲ့ တိုက်စစ်ကွက်လပ်ကလည်း အလွန်ကြီးတယ်။ စကူဒက်တို ယူပေးခဲ့တဲ့ ကြယ်ပွင့် အိုဆင်မန်ရဲ့ အပြောင်းအရွှေ့ ဂယက်တွေနဲ့ အသင်းက လှုပ်ခတ်ခဲ့တယ်။ ငွေကြေးပြဿနာကြောင့် အသင်းက လူကာကူကိုလည်း ရအောင် မခေါ် နိုင်သေးနဲ့ ဒုက္ခရောက်ခဲ့တယ်။ နောက်တော့ လူကာကူ ရောက်လာတယ်။ အားလုံးက အိုဆင်မန်ကို မေ့သွားအောင် လူကာကူ စွမ်းဆောင်ပြနေနိုင်တယ်။ ကွန်တီ ပြန်ပြောတာတော့ လူကာကူဟာ ပရီးမီးယားလိဂ်ရဲ့ ကမ်းလှမ်းမှု၊ ဆော်ဒီလိဂ်ကမ်း လှမ်းမှုတွေ ရှိနေပေမဲ့ နာပိုလီမှာ ကစားချင်လွန်းလို့ တမင်စောင့်ဆိုင်းနေခဲ့တာပါ။ အခုတော့ လူကာကူ လိုချင်သလို ဆရာဟောင်း ကွန်တီနဲ့ ပြန်ပေါင်းဖက်ခွင့်ရခဲ့ပြီ။ နာပိုလီရဲ့ Frontline ကို ထိပ်ဆုံးက အရည်အသွေးမြင့်မြင့် ဦးဆောင်သူဖြစ်လာတယ်။ တကယ်တော့ လူကာကူဟာ ခြေသာမှန်နေရင် Overall Play မှာ အိုဆင်မန်ထက် သာပါတယ်။

    

အခုတော့ နာပိုလီ အမြင့်ပျံပြနေပြီ။ ဥရောပပွဲတွေ မကစားရတဲ့အတွက် အခြားအသင်းတွေထက်လည်း ပိုပြီးလန်းဆန်းနေတယ်။ ရာသီအစက ဗီရိုနာကို အသင်းတွင်းပြဿနာတစ်ပြုံကြီးနဲ့ ရှုံးပြီးနောက် ပွဲစဉ် ၁၉ ပွဲအပြီးမှာ နာပိုလီ တစ်ပွဲပဲ ထပ်ရှုံးခဲ့တယ်။  ထိပ်တန်းအသင်းကြီးတွေနဲ့ ယှဉ် ပြိုင်ကစားခဲ့တဲ့ရလဒ်တွေက ကောင်းသလို၊ နိုင်သင့်တဲ့အသင်းတွေကို အနိုင်ယူပြနိုင်တဲ့ အသင်း တစ်သင်းအဖြစ်လည်း မြင်ရတယ်။ လိဂ်မှာ ဂိုး ၃၀ သွင်းထားတဲ့ တိုက်စစ်က အရမ်းအကောင်းကြီး မဟုတ်ပေမဲ့ ၁၂ ဂိုးပဲ ပေးထားရတဲ့ ခံစစ်ကတော့ အခြားအသင်းတိုင်းထက် အပြတ်အသတ်သာနေတာကိုလည်း တွေ့ရတယ်။ စီးရီးအေအမှတ်ပေးပြိုင်ပွဲရဲ့ ပထမအကျော့ ပွဲစဉ်တွေအပြီးမှာ နာပိုလီဟာ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ရိုးမားတို့လို အသင်းကြီးတွေကို သရေနဲ့ အနိုင်ချည်းပဲ ကစားခဲ့တယ်။ အတ္တလန်တာ၊ လာဇီယိုတို့လို အသင်းတွေကိုတော့ နာပိုလီ ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ ဒီပွဲတွေအားလုံးကို ခြုံကြည့်မယ်ဆိုရင် နာပိုလီ အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့တယ်ဆိုတာ သံသယမရှိနိုင်လောက်စေတဲ့ ခြေစွမ်းကို ပြနေတယ်။ ကွန်တီတစ်ယောက် နာပိုလီဆီကိုလည်း ချန်ပီယံခြေစွမ်းတွေ ပြန်လည်ယူဆောင်နိုင်လာပြီလားဆိုတဲ့ သုံးသပ်မှုတွေကိုလည်း မကြာခဏ မြင်တွေ့နေရပါတယ်။ အန်တိုနီယိုကွန်တီက အမှတ်ပေးချန်ပီယံဆုနဲ့ပတ်သက်ပြီး အစဉ်အလာကောင်းတွေ ရှိသူလည်းဖြစ်တယ်။ ဂျူဗင်တပ်စ်အသင်းကို သူကိုင်တွယ်ခဲ့စဉ်က တစ်ကောင်တည်းပြေးတဲ့ မြင်းဖြစ်ခဲ့ပြီး ဘယ်အသင်းမှ မယှဉ်သာအောင် အားကောင်းလွန်းခဲ့တယ်။ စကူဒက်တိုဖလားကို နှစ်တိုင်းနီးပါး ဆယ်စုနှစ်နဲ့ချီပြီး ရယူခဲ့တဲ့နှစ်တွေက ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ စတင်ခဲ့တာလို့တောင် ပြောလို့ရတယ်။ 

    

အလားတူပဲ အင်တာမီလန်အသင်းကို ကွန်တီ ကိုင်တွယ်ချိန်မှာ အရှိန်အဟုန်နဲ့ ထိုးကျနေတဲ့ အင်တာမီလန်အသင်းဟာ ထိုးကျနေတဲ့အရှိန် ရပ်တန့်ပြီး အရှိန်အဟုန်နဲ့ ထိုးတက်လာခဲ့တယ်။ အင်တာမီလန်ဟာ ကွန်တီရဲ့လက်ထက်မှာ စီးရီးအေအတွက် ပြိုင်ဘက်မရှိ အသင်းတစ်သင်း ဖြစ်ခဲ့ဖူးတယ်။ အခု ကွန်တီကိုင်တွယ်နေတဲ့ နာပိုလီက စီးရီးအေမှာ ကွန်တီ အရင်ကကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းနှစ်သင်းနဲ့ယှဉ်ရင် ဘဏ္ဍာရေးအင်အားချို့တဲ့တဲ့အသင်းလို့တော့ ပြောလို့ရတယ်။ ဒါ့အပြင် အောင်မြင်မှုအစဉ်အလာ နည်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီရာသီမှာပဲ ကွန်တီ ရောက်လာတယ်။ ချန်ပီယံ စရိုက်လက္ခဏာကို ပြသနေတဲ့ အသင်းတစ်သင်းအဖြစ် မြင်လာခဲ့ရပါတယ်။ 

    

ဒီရာသီ စကူဒက်တိုကို ရယူဖို့အတွက် ကွန်တီက အသည်းအသန် ပစ်မှတ်ထားနေတာကိုလည်း တွေ့ရတယ်။ သူ အဓိက ရင်ဆိုင်ရမယ့်အသင်းဖြစ်တဲ့ အင်တာမီလန်အသင်းက သူဖလား ယူပေးခဲ့ဖူးတဲ့ အသင်းဖြစ်ပြီး ဆီမြွန်နီအင်ဇာဂီ လက်ထက်မှာလည်း ပုံစံကောင်းပြနေတဲ့အသင်း ပါ။ နာပိုလီက လက်ရှိအချိန်မှာ အတ္တလန်တာကို  ၃ မှတ်ဖြတ်ထားပြီး၊ အင်တာမီလန်ကို ၄ မှတ် ဖြတ် ထားပေမဲ့ အတ္တလန်တာက တစ်ပွဲလျော့၊ အင်တာမီလန်က ၂ ပွဲလျော့ဖြစ်နေလို့ အမှားမခံတဲ့ အနေအထားပါ။ နှစ်သင်းစလုံးက ကွန်တီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းဟောင်းတွေဖြစ်ပြီး ဒီအသင်းတွေနဲ့ ပြန်တိုက်ပွဲဝင်ရမှာဖြစ်တယ်။ ရာသီကုန်မှာ ထိပ်ဆုံးကနေ ကွန်တီ ပန်းဝင်နိုင်မလား၊ ၂၀၁၁ ခုနှစ်က စပြီး စီးရီးအေမှာ သူကိုင်တွယ်တဲ့ အသင်းတိုင်းနဲ့ အမှတ်ပေးချန်ပီယံဖြစ် တဲ့ စံချိန်ကို ကွန်တီဆက်ထိန်းနိုင်မလားဆိုတာကတော့ . . .


READ NEXT
Cancel OK