
တမ်ဝါ့သ် - စပါး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၇:၀၀ နာရီ)
တမ်ဝါ့သ်က အပျော်တမ်းအဆင့်မှာ ကစားနေတဲ့ အသင်းဖြစ်ပြီး ရလဒ်ပိုင်းကလည်း အပျော်တမ်းအဆင့်မှာတောင် သိပ်ပြီး အားရစရာမရှိတာကို တွေ့ရတယ်။ FA ဖလားပြိုင်ပွဲမှာ ဒီ လိုအဆင့်မျိုးတွေမှာက အတန်းစုံက အသင်းတွေနဲ့ ပရီးမီးယားလိဂ်အသင်းတွေ တွေ့ဆုံရတာဖြစ်လို့ အဆင့်အတန်းအရမ်း ကွာတဲ့ ပွဲပေါင်းများစွာ ပါဝင်နေပြီး ဒီပွဲကလည်း အဲ့ဒီလိုပွဲတွေထဲက တစ်ပွဲဖြစ်နေတယ်။ စပါးအတွက် ဘယ်လိုကစားကစား နိုင်မယ့်ပွဲဖြစ်သလို၊ အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို မြင်တွေ့ရလိမ့်မယ်။
အာဆင်နယ် - မန်ယူ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၉:၃၀ နာရီ)
အာဆင်နယ်က ပြိုင်ပွဲစုံမှာ (၁၁) ပွဲဆက် ရှုံးပွဲမရှိ ကစားခဲ့ပြီးနောက် နောက်ဆုံး (၂) ပွဲမှာ ဘရိုက်တန်နဲ့ သရေ၊ နယူးကာဆယ်အသင်းကို ရှုံးသွားခဲ့တယ်။ အာဆင်နယ်ရဲ့ လက်ရှိ ကစားပုံ၊ လက်ရှိတိုက်စစ်ကိုလည်း ပရိသတ်တွေသဘောမကျသလို အားနည်းချက်တွေရှိနေတာတွေ့ရတယ်။ မန်ယူနိုက်တက်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်ကို သရေကျခဲ့ပြီး ဒီသရေပွဲမှာ မန်ယူနိုက်တက်ကစားခဲ့တဲ့ခြေစွမ်းကလည်း တော်တော်လေးအားကောင်းခဲ့တာတွေ့ရတယ်။ လီဗာပူးလ်အသင်းမတိုင်ခင် ကစားခဲ့တဲ့ပွဲတွေမှာတော့ မန်ယူနိုက်တက်ရဲ့ ကစားပုံက သိပ်အားရစရာမကောင်းခဲ့ဘူး။ ဒါပေမဲ့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲက အခင်းအကျင်းအတိုင်း၊ လူထုတ်ပုံအတိုင်းဆိုရင် အာဆင်နယ်ကို မန်ယူနိုက်တက် ခံကစားနိုင်လိမ့်မယ်ထင်တယ်။ ဒီပွဲက မိနစ် (၉၀) အတွင်း သရေကျသွားနိုင်တယ်။
နယူးကာဆယ် - ဘရွန်လေ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၉:၃၀ နာရီ)
ဘရွန်လေက လိဂ်-၂ မှာ ကစားနေတဲ့အသင်းဖြစ်ပြီး သူ့ တန်းနဲ့သူကတော့ ရလဒ်မဆိုးဘူးလို့ ပြောလို့ရတယ်။ ဇယားအလယ်မှာ ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ FA ဖလားပွဲစဉ် ၂ ပွဲစ လုံးကို အဝေးကွင်းတွေမှာ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာဖြစ် ပြီး ဒီပွဲလည်း အဝေးကွင်းမှာ ကစားရမယ်။ နယူးကာဆယ်ကတော့ မနှစ်က မန်စီးတီးကို ၂-၀ နဲ့ ရှုံးခဲ့ပြီး အခု ဒီအဆင့်မှာ ပ ထမဆုံး ပြန်ကစားရမှာဖြစ်တယ်။ နယူးကာဆယ်ရဲ့လက်ရှိ Form နဲ့ ခြေစွမ်းက ပရီးမီးယားလိဂ်မှာတောင် အကောင်းဆုံး ပုံစံဖြစ်နေတယ်။ ဂိုးပြတ်ဦးမှာပဲ။
ခရစ္စတယ်ပဲလေ့စ် - စတော့ပို့စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၉:၃၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်က ရာသီအစက ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ တဖြည်းဖြည်း အားကောင်းလာတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၃) ပွဲမှာ ဘုန်းမောက်၊ ချယ်လ်ဆီးတို့လို ပုံ စံကောင်းပြနေတဲ့အသင်းတွေကို သရေကစားပြီး နိုင်သင့်တဲ့ ဆောက်သမ်တန်ကို နိုင်ခဲ့တယ်။ စတော့ပို့တ်က ခရစ္စတယ်ပဲ လေ့စ်ကို အစစအရာရာ ယှဉ်ဖို့ ခက်တဲ့အနေအထားပါ။ ခရစ္စ တယ်ပဲလေ့စ် နိုင်ပွဲသေချာတယ်။
■ အခြားပွဲစဉ်များ
ဟားလ်စီးတီး - ဒွန်ကတ်စတာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၆:၃၀ နာရီ)
အစ်ဝစ်ချ် - ဘရစ္စတိုးလ်ရိုဗာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၉:၃၀ နာရီ)
ဆောက်သမ်တန် - ဆွမ်ဆီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၁၁:၀၀ နာရီ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်