Top News

■ လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက် 
24htopnews | January 11, 2025 12:12 AM CST

လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၇:၃၀ နာရီ)

လက်စ်ပါမားစ်ကွင်းကို ဂီတာဖေးခံစစ်အားကိုးနဲ့ ရောက်လာလိမ့်မယ်။ ဂီတာဖေးအဝေးကွင်းကစားပုံက မရှုံးအောင်ပဲ အဓိကထားကစားတာဆိုတော့ အိမ်ရှင် လက်စ်ပါမားစ်ရဲ့အိမ်ကွင်းအားကို ဘယ်လောက်တောင့်ခံနိုင်မှာလဲ စောင့်ကြည့်ရမယ်။ ဂိုးအနည်းသရေပွဲလို့ပဲ ထင်တယ်။ 

 

အက်သလက်တီကို - အိုဆာဆူနာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၉:၄၅ နာရီ)

ထိပ်ဆုံးနေရာကို ပြန်ယူနိုင်ဖို့အတွက် အိမ်ကွင်းမှာ အိုဆာဆူနာကို အက်သလက်တီကို အနိုင်ကစားလိမ့်မယ်။ ခြေစွမ်းအရလည်း အက်သလက်တီကို ပုံစံကောင်းရနေပြီး အိမ်ကွင်းမှာလည်း ပိုစွာတယ်။ ပြီးခဲ့တဲ့ရာသီအပိတ်တုန်းက အိမ်ကွင်းမှာ အိုဆာဆူနာကို (၁-၄)နဲ့ ဂိုးပြတ်အရှုံးပေးခဲ့ရတာကိုလည်း ဒီပွဲမှာ အက်သလက်တီကို အကြွေးပြန်ဆပ်ဖို့ ဆန္ဒပြင်းပြနေနိုင်တယ်။ အဲဒီရှုံးပွဲကလွဲပြီး အိုဆာဆူနာနဲ့တွေ့တိုင်း အမြဲလိုအနိုင် ရလေ့ရှိနေတာကလည်း အက်သလက်တီကိုဘက်က အားသာမှုလို့ ပြောနိုင်တယ်။ အိုဆာဆူနာရဲ့ ဒီရာသီခြေစွမ်း မဆိုးဘူး။ ပြီးခဲ့့တဲ့ရာသီကထက် ကစားရော ဂိုးသွင်းနှုန်းပါ တက်လာတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းအနည်းငယ်လျော့သွားတာက အိုဆာဆူနာရဲ့ အားနည်းမှုလို ဖြစ်နေတယ်။ ဒါကြောင့် အိမ်ကွင်းမှာ ဂိုးသွင်းနှုန်းကောင်းတဲ့ အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲ ရွေးချင်တယ်။ 


READ NEXT
Cancel OK