
သုုံးနှစ်ပြည့်တော့မည်စစ်ပွဲတွင် သီတင်းပတ်နှင့်ချီ၍ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုအဖြစ် ရုရှားက ယူကရိန်းမြို့ဇာပို ရီရှားကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၁၃ ဦး သေဆုံးသွားသည်ဟု ယူကရိန်း တာဝန်ရှိသူများက ပြောကြားသည်။
ရုရှားသည် ဆောင်းရာသီ ဝင်ရောက်ကတည်းက ယူကရိန်းကို တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများထဲက တိုက်ခိုက်မှုအချို့မှာ ယူကရိန်းက အနောက်အုပ်စုပေးသော လက်နက်များဖြင့် ရုရှားနယ်မြေထဲကို တိုက်ခိုက်ခြင်းအတွက် လက်တုံ့ပြန်မှုဖြစ်သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ဇန်နဝါရီ ၈ ရက် တိုက်ခိုက်မှုကို ရက်စက်ကြမ်းကြုတ်သည်ဟု ပြောကြားခဲ့ပြီး ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းစေရေးအတွက် ယူကရိန်းကို ရိုင်းပင်းရန်နှင့်ရုရှားကို ဆန့်ကျင်ရန် ဆော်သြခဲ့သည်။
၎င်းက လမ်းပေါ်တွင် ဒဏ်ရာရပြီးလဲနေသူအချို့ကို မြင်ရသည့် ဗီဒီယိုအားပို့စ်တင်ခဲ့သည်။
ရှေ့တန်းနှင့် မိုင်ရာချီဝေးသောနေရာတွင် တည်ရှိပြီး ရုရှားလေတပ်ကို ထောက်ပံ့ပေးနေသော လောင်စာကန်ကို ယူကရိန်းဒရုန်းများ ထိမှန်ခဲ့ပြီးနောက်နာရီပိုင်းအတွင်း ဇာပိုရီရှားမြို့ကို ရုရှားက တိုက်ခိုက်ခြင်းဖြစ်သည်။ ဆီလှောင်ကန်များ မီးလောင်ခဲ့ခြင်းကြောင့် ရုရှားမီးသတ်သမားနှစ်ဦး သေဆုံးခဲ့သည်။
“ရုရှားဟာ ဇာပိုရီရှားမြို့ကို ပဲ့ထိန်းဝေဟင်ဗုံးတွေနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဗုံးတွေဟာ လူအုပ်ထဲမှာ ပေါက်ကွဲခဲ့ပါတယ်”ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်းတိုက်ခိုက်မှုအတွင်း ၁၃ ဦး သေဆုံးသွားခဲ့ပြီး အနည်းဆုံး ၃၀ ဒဏ်ရာရသွားခဲ့သည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ပြီး ရုရှားကအရပ်သားပြည်သူများကို တမင်ပစ်မှတ်ထားခဲ့သည်ဟု စွပ်စွဲခဲ့သည်။
“သာမန်အရပ်သားပြည်သူတွေ ထိခိုက်မယ်ဆိုတာ သိသိကြီးနဲ့မြို့ကို ဝေဟင်ဗုံးတွေ ပစ်လွှတ်တာထက် ပိုရက်စက်တာ ဘာမှမရှိတော့ပါဘူး”ဟု ဇယ်လန်းစီးက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
“ရုရှားတကယ်အလိုရှိတာ ဘာလဲဆိုတာကို ဒီဟာက ထပ်မံဖော်ပြလိုက်တာဖြစ်ပါတယ်။ သူတို့က စစ်ပွဲကိုသာ အလိုရှိတာပါ။ ဒုက္ခရောက်သူတွေကိုသာ အလိုရှိတာပါ”ဟု ယူကရိန်းသမ္မတက ဖော်ပြခဲ့သည်။
ဇာပိုရီရှားမြို့သည် စစ်ပွဲမတိုင်မီက လူဦးရေ ၇၀၀,၀၀၀ ဝန်းကျင်ရှိပြီး ယူကရိန်းတောင်ပိုင်းရှိ ရှေ့တန်းစစ်မျက်နှာနှင့် ၃၅ ကီလိုမီတာ(မိုင် ၂၀) ခန့်ဝေးသည်။
ရုရှားက အနီးအနား ဇာပိုရီရှားဒေသ၏ ကျယ်ပြောသောနယ်မြေများကို ထိန်းချုပ်ထားပြီး ၂၀၂၂ ခုနှစ်တွင် ယင်းနယ်မြေများကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်းကြေညာခဲ့သည်။
လွန်ခဲ့သော သုံံးနှစ်နီးပါးတွင် ရုရှားကျူးကျော်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့များ၏တိုက်ခိုက်မှုများကို ကြိမ်ဖန်များစွာခံခဲ့ရသော ဒေသဆိုင်ရာမြို့တော် ဇာပိုရီရှားကို လောလောလတ်လတ် ရုရှားထိုးစစ်ဆင်မည့်အလားအလာအတွက် ယူကရိန်းနိုင်ငံတွင် ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။
ရှေ့တန်းစစ်မျက်နှာအနီးတွင်တည်ရှိပြီး ဇာပိုရီရှား၏တောင်ဘက် ကီလိုမီတာ ၃၀ ခန့်တွင်ရှိသည့် စတင်နော့ဂါဆစ်ရွာကို ဇန် နဝါရီ ၈ ရက်တွင် ရုရှားတိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဦးသေဆုံးခဲ့သည်ဟု အိုင်ဗန်ဖီဒို ရော့က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
ထိုရွာကို ရုရှားတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိမှန်သွားခဲ့သည့် အိမ်၏အောက်တွင် လူလေးဦးပိတ်မိနေပြီး နှစ်ဦးကို အပျက်အစီးများထဲမှ ဆွဲထုတ်ခဲ့သည်ဆိုသော်လည်း နှစ်ဦးသည် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။
ယူကရိန်းတပ်ဖွဲ့များကနယ်စပ်နှင့် ကီလိုမီတာ ၅၀၀ ခန့်ဝေးသော ဆာရာတော့ဒေသ၌ ရုရှားလေတပ်ကို ထောက်ပံ့ပေးနေသော လေယာဉ်ဆီလှောင်ကန်ကို တိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီ ၈ ရက်စောစောပိုင်းတွင် ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်