Top News

စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်တွင် လာလီဂါကလပ်အချင်းချင်း တွေ့ဆုံမှု လေးပွဲပါဝင်
24htopnews | January 10, 2025 4:12 PM CST

၂၀၂၄-၂၀၂၅ ရာသီ စပိန်ဘုရင့်ဖလား(Copa del Rey) ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် လာလီဂါကလပ်အချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ် လေးပွဲပါဝင်လာကြောင်း သိရသည်။

၁၆ သင်းအဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ရုံးချုပ်၌ မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခုအဆင့်သို့ လာလီဂါကလပ် ၁၂ သင်း၊ ဆီဂန်ဒါကလပ် နှစ်သင်း၊ တတိယတန်းနှင့် စတုတ္ထတန်းကလပ် တစ်သင်းစီ တက်ရောက်နိုင်ခဲ့သည်။

မဲနှိုက်ရွေးချယ်မှုအရ လာလီဂါကလပ်အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ရီးယဲလ်မက်ဒရစ်-ဆယ်လ်တာဗီဂို၊ ဘာစီလိုနာ -ဘက်တစ်၊ ဆိုစီဒက်-ဗယ်လက်ကာနို၊ လက်ရှိချန်ပီယံ ဘီလ်ဘာအို-အိုဆာဆူနာတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ပြင် အက်သလက်တီကိုအသင်းမှာ ဆီဂန်ဒါကလပ် အယ်လ်ချီ၊ လီဟာနက်စ်အသင်းမှာ ဆီဂန်ဒါကလပ် အယ်မယ်ရီယာ၊ ဗလင်စီယာအသင်းမှာ တတိယတန်းကလပ် အူရန်ဆီ၊ ဂီတာဖေးအသင်းမှာ စတုတ္ထတန်းကလပ် ပွန်တေဗယ်ဒရာအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး ပွဲစဉ်များကို ဇွန် ၁၄၊ ၁၅၊ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။

၁၆ သင်းအဆင့် ပွဲစဉ်များ

    ပွန်တေဗယ်ဒရာ    -    ဂီတာဖေး

    အူရန်ဆီ    -    ဗလင်စီယာ

    အယ်မယ်ရီယာ    -    လီဟာနက်စ်

    အယ်လ်ချီ    -    အက်သလက်တီကို

    ရီးယဲလ်မက်ဒရစ်    -    ဆယ်လ်တာဗီဂို

    ဘာစီလိုနာ    -    ဘက်တစ်

    ဆိုစီဒက်    -    ဗယ်လက်ကာနို

    ဘီလ်ဘာအို    -    အိုဆာဆူနာ

 


READ NEXT
Cancel OK