Top News

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
24htopnews | January 10, 2025 4:12 PM CST

■ FA ဖလား တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် နံနက် ၂:၃၀ နာရီ)

ဝက်စ်ဟမ်းက ခြေစွမ်းပိုင်း တိုးတက်လာသလိုဖြစ်လာပေမယ့် လီဗာပူးလ်နဲ့ မန်စီးတီး နှစ်ပွဲစလုံးကို ရှုံးခဲ့တယ်။ လီဗာပူးလ်၊ မန်စီးတီးတို့လိုအသင်းတွေကို ရှုံးခဲ့တာက ပြဿနာမဟုတ်ပေမဲ့ ဝက်စ်ဟမ်းရှုံးခဲ့တဲ့ပုံစံက တော်တော်လေး အားနည်းချည့်နဲ့ခဲ့တာကိုတွေ့ရတယ်။ လက်ရှိ အချိန်မှာ ဗီလာနဲ့ ဝက်စ်ဟမ်းက ခြေစွမ်းတော်တော်လေး ကွာခြားတဲ့ အခြေအနေကို ရောက်ရှိနေ ပါပြီ။ အက်စတွန်ဗီလာရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကစားပုံက တော်တော်လေးအားကောင်းပြီး ဝက်စ်ဟမ်းကို ထိုးနှက်နိုင် စွမ်းရှိတဲ့ အနေအထားမှာ ရှိတယ်။ ဝက်စ်ဟမ်းအသင်း တိုက်စစ်ပိုင်းက ဂိုးရဖို့အတွက် ရုန်းကန်နေရသလို၊ ဖယ်ခုနဲ့ တောင်ပံကစားသမားတွေရဲ့ ပူးပေါင်းအလုပ်လုပ်ပုံကလည်း တော်တော်လေး အားနည်းပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာပဲ အနိုင်ရပြီး နောက်တစ်ဆင့်တက်လိမ့်မယ်။ 



■  လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက် 

ဗယ်လက်ကာနို - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် နံနက် ၂:၃၀ နာရီ)

ဆယ်လ်တာဗီဂိုကို ဗယ်လက်ကာနို လွယ်လွယ် အနိုင်ရလေ့တော့ မရှိဘူး။ ဒီရာသီ ဗယ်လက်ကာနိုရဲ့ ရလဒ်ပိုင်းကလည်း သရေပွဲတွေများနေပြီး လာလီဂါနောက်ဆုံး (၃) ပွဲစလုံးလည်း သရေတွေချည်း ကစားထားတယ်။ ဆယ်လ်တာဗီဂိုက အဝေးကွင်းဆို သိပ်စိတ်မချရပေမဲ့ ဗယ်လက်ကာနိုကို အစဉ်အလာအရ ယှဉ်နိုင်တာကတော့ အားသာချက်ပါ။ ဆယ်လ်တာဗီဂို သရေရအောင် ထိန်းယူသွားနိုင်ဖို့ များနေတယ်။ ဂိုးနည်းမယ်။ 



■ စီးရီးအေပွဲစဉ် (၂၀)  ပွဲကြိုသုံးသပ်ချက် 

လာဇီယို - ကိုမို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် နံနက် ၂:၁၅ နာရီ)

လာဇီယိုက ချန်ပီယံလိဂ်ဝင်ခွင့်ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပြီး ပထမအကျော့ကလည်း ကိုမိုကို ဂိုးပြတ်ခြေပြတ်နိုင်ခဲ့တယ်။ အိမ်ကွင်းမှာ လာဇီယို အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၆)  ပွဲကြိုသုံးသပ်ချက် 

ဒေါ့မွန် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် နံနက် ၂:၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီ လေဗာကူဆင်အသင်းရဲ့ ခြေစွမ်းအမြင့်ဆုံးအချိန်မှာတော့ နှစ်ကျော့စလုံး အရှုံးအနိုင် မဖြေမပေါ်ခဲ့ဘဲ သရေကျခဲ့တယ်။ လေဗာကူဆင်အသင်းက ရာသီအစောပိုင်းမှာ အနည်းငယ်ယိမ်းယိုင်သွားပေမဲ့ လက်ရှိမှာ ဘွန်ဒစ်လီဂါ(၅)ပွဲဆက် အနိုင်ရလဒ်နဲ့အတူ ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာတယ်။ ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကပဲ အခုပွဲမှာ အဓိကအဆုံးအဖြတ်ပေးသွားမယ်ထင်တယ်။ အိမ်ကွင်းဆို ရလဒ်လည်း ပိုကောင်းတတ်တဲ့ ဒေါ့မွန်အသင်း အမှတ်ရမှာတော့ သေချာပါတယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်

နန့်စ် - မိုနာကို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် နံနက် ၀၀:၃၀ နာရီ)

နန့်စ်က တန်းဆင်းဇုန်က ရုန်းထွက်ဖို့ကြိုးစားနေပြီး သူတို့ရဲ့ တိုးတက်တဲ့ ပုံစံကိုလည်း ပိုမြင်ရတယ်။ PSG ကိုအဝေးကွင်းမှာ သရေကစားခဲ့တဲ့ နန့်စ်ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုရမယ်။ မိုနာကို သရေလောက်ပဲ ရမယ်ထင်တယ်။

အော်ဇေး - လိုင်လီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် နံနက် ၂:၃၀ နာရီ)

အော်ဇေးက လီဂူးနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လိုင်လီကလည်း သရေပွဲတွေများနေတယ်။ ဒါပေမဲ့ ဒီပွဲတော့ လိုင်လီအသင်း နိုင်ပွဲပြန်ရမယ်။


READ NEXT
Cancel OK