Top News

■ ခွာရတ်စကယ်လီယာကို ယခုလအတွင်း ရောင်းထုတ်ရန် နာပိုလီအသင်း စီစဉ်ထား     
24htopnews | January 10, 2025 4:12 PM CST

နာပိုလီအသင်းသည် ဂျော်ဂျီယာတောင်ပံ ကစားသမား ခွာရတ်စကယ်လီယာကို ယခုလ အတွင်း ရောင်းထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။

    

ခွာရတ်စကယ်လီယာ(၂၃ နှစ်)သည် နာပိုလီအသင်း၏ အမာခံကစားသမားဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။ သို့ သော် နာပိုလီအသင်းက ၎င်းကို မြင့်မားသည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးတန်ဖိုးကို ယူရို သန်း (၈၀)ဟု သတ်မှတ်ထားကြောင်း သိရသည်။ 

ခွာရတ်စကယ်လီယာကို ခေါ်ယူရန် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများနှင့်အတူ PSG အသင်းက စိတ်ဝင်စားနေ ကြောင်း သိရသည်။ 

နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ခွာရတ်စကယ်လီယာကို ခေါ်ယူရန် PSG အသင်းက နာပိုလီအသင်းထံ ဆက်သွယ်မှုပြုလုပ်ခဲ့ပြီဖြစ်ကြောင်းနှင့်  ခေါ်ယူနိုုင်ရန် အလားအလာကောင်းနေကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

    

ခွာရတ်စကယ်လီယာကို PSG နှင့်အပြိုင် လီဗာပူးလ်နှင့် မန်ယူအသင်းတို့ကလည်း ခေါ်ယူရန် ချိန်ရွယ်နေပြီး မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်နှင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းက ခွာရတ်စကယ်လီယာကို အသင်း၏တိုက်စစ်ပိုင်းအတွက် ရေရှည်အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK