
အေစီမီလန်အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ယခုလအတွင်း ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
မန်ယူအသင်းသည် နည်းပြ အာမိုရင်မ် နေရာပေးလိုခြင်းမရှိသည့် ရပ်ရှ်ဖို့ဒ်ကို ရောင်းထုတ်ရန် စီစဉ်နေသလို၊ ရပ်ရှ်ဖို့ဒ်ကလည်း ပုံမှန်ကစားခွင့်ရရှိမည့်အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။
ထို့ကြောင့် အေစီမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရပ်ရှ်ဖို့ဒ်၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ၎င်း၏အစ်ကိုဖြစ်သူမှာလည်း အီတလီတွင် ရောက်ရှိနေသည်ဟု သိရသည်။
အေစီမီလန်အသင်းသည် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန်အတွက် အသင်းမှလူငယ်တိုက်စစ်မှူး အိုကာဖော်ကိုရောင်းထုတ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် အေစီမီလန်အသင်းအပြင် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် စပါးနှင့် ဝက်စ်ဟမ်း၊ ပြင်သစ်ထိပ်သီး PSG နှင့် တူရကီကလပ် ဂါလာတာစာရေးအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်