
စပို့တင်းလစ္စဘွန်းအသင်းသည် ထိပ်သီးအသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို လာမည့်နွေရာသီတွင် ယူရို(၇၅)သန်းဝန်းကျင့်ဖြင့် ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ပေါ်တူဂီမီဒီယာ Record က ဖော်ပြခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းတွင် ပြိုင်ပွဲစုံ(၇၉)ပွဲ၌ (၇၄)ဂိုးသွင်းယူထားသည်။
ယိုကယ်ရက်စ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဥရောပဘောလုံးလောက၌ ရလာခဲ့ပြီး ထိ်ပ်သီးအသင်းများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
မန်ယူအသင်းနည်းပြ အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းတွင် ၎င်းနှင့်လက်တွဲပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သည့် တိုက်စစ်မှူး ယိုကယ်ရက်စ်အား ယခုဇန်နဝါရီတွင် ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။
သို့သော် စပို့တင်းလစ္စဘွန်းအသင်းက ယိုကာရက်စ်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းထုတ်မည်မဟုတ်ဘဲ နွေရာသီမှသာ ရောင်းထုတ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်