■ ယခုရာသီကုန်တွင် မန်စီးတီးနှင့် ဂျွန်စတုန်းစ် လမ်းခွဲဖွယ်ရှိ
24htopnews | January 10, 2025 4:12 PM CST

မန်စီးတီးအသင်း၏ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်သည် ယခုရာသီကုန်တွင် အသင်းနှင့် လမ်းခွဲဖွယ်ရှိကြောင်း သိရသည်။
ဂျွန်စတုန်းစ်(၃၀ နှစ်) သည် ၂၀၁၆ ခုနှစ်တွင် အဲဗာတန်မှ မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ဖြစ်သည်။
အင်္ဂလန်နောက်ခံကစားသမား ဂျွန်စတုန်းစ်သည် နောက်ပိုင်းနှစ်များတွင် မန်စီးတီးအသင်း၌ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူဖြစ်သည်။
ထို့ပြင် မန်စီးတီးအသင်းက လာမည့်နွေရာသီတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် စီစဉ်နေရာ ဂျွန်စတုန်းစ်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရဖွယ်ရှိနေသည်။
ထို့ကြောင့် ဂျွန်စတုန်းစ်သည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းမှထွက်ခွာပြီး ပုံမှန်ပွဲကစားခွင့်ရမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်