
အဲဗာတန်အသင်းသည် နည်း ပြရှောင်ဒိုက်ကိုရာထူးမှ ထုတ်ပယ်ပြီး နောက် နာမည်ကျော်နည်းပြ မော်ရင် ဟိုကို ပြောင်းလဲခန့်အပ်ရန် စီစဉ်နေ ကြောင်း သတင်းထွက်ပေါ်နေသည်။
အဲဗာတန်အသင်းသည် လက် ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့်(၁၆)နေရာသို့ ရောက်ရှိနေပြီး တန်းဆင်းဇုန်အတွင်းမှအသင်းနှင့် (၁)မှတ်သာ ကွာဟနေသည်။
ထို့ ကြောင့် အသင်းတာဝန်ရှိသူများက ရှောင်ဒိုက်ကို ရာထူးမှ ထုတ်ပယ်ခဲ့ ခြင်းဖြစ်ပြီး အစားထိုးရန် နည်းပြများ စွာကို ချိန်ရွယ်လျက်ရှိရာ မော်ရင်ဟိုက ရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ် ကြောင်း သိရသည်။
အဲဗာတန်အ သင်း၏ ပိုင်ရှင်အသစ်များသည် အဲဗာတန်အသင်းကို မဝယ်ယူမီကတည်းက ၎င်းင်းတို့ ဝယ်ယူနိုင်ခဲ့ပါက မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့် အပ်မည်ဟု ပြောကြားခဲ့ဖူးသည်။
မော်ရင်ဟိုသည် ပရီးမီးယားလိဂ်ထိပ် သီးကလပ်အသင်း(၃)သင်းဖြစ်သည့် ချယ်လ်ဆီး၊ မန်ယူနှင့် စပါးအသင်းတို့ ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ချယ်လ် ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု(၃)ကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။
၎င်းသည် လက်ရှိအချိန်တွင် တူရကီကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်နေသော်လည်း ပရီးမီးယားလိဂ်သို့ ပြန်လာရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။
ယခုအခါ အဲဗာတန်အသင်း၏ နည်းပြသစ်ဖြစ်လာရန် မော်ရင်ဟိုက ရေပန်းအစားဆုံးဖြစ်နေပြီး ဒုတိယနေရာတွင် နည်းပြဟောင်း ဒေးဗစ်မွိုက်စ်၊ တတိယနေရာ၌ လီကာစလေတို့ ရပ်တည်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်