Top News

■ မာမွတ်ရှ်အတွက် ယူရိုသန်း(၈၀)ရရှိရန် ဖရန့်ဖတ်အသင်း လိုလား
24htopnews | January 10, 2025 4:12 PM CST

ဖရန့်ဖတ်အသင်းသည် ထိပ်သီးအသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသည့် အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)ရရှိရန် လိုလားနေကြောင်း သိရသည်။ 

မာမွတ်ရှ်(၂၅ နှစ်)ကို ခေါ်ယူလိုသည့် အသင်း များစွာရှိနေပြီး မန်စီးတီးအသင်းက ပေါင်သန်း(၅၀)ဖြင့် ခေါ်ယူရန် နီးစပ်နေပြီဟု သတင်းထွက်နေသည်။ 

သို့သော် ဖရန့်ဖတ်အသင်းအနေဖြင့်  အိုမာမာမွတ်ရှ်ကို အနည်းဆုံး ယူရိုသန်း(၈၀) သို့မဟုတ် ပေါင်(၆၇)သန်းရရှိမှသာ ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။ 

ဖရန့်ဖတ်အသင်းသည် မာမွတ်ရှ်ကို ၂၀၂၃ နွေရာသီတွင် ဝုလ်ဖ်ဘတ်အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

မာမွတ်ရှ်သည် ဖရန့်ဖတ်အသင်းတွင် ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၄) ပွဲတွင် (၁၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်ထားသည်။ 


READ NEXT
Cancel OK