Top News

■ ဒူရန်အတွက် ပြောင်းရွှေ့ကြေးကို ယူရို(၈၅)သန်းဟု အက်စတွန်ဗီလာအသင်း သတ်မှတ်     
24htopnews | January 10, 2025 4:12 PM CST

အက်စတွန်ဗီလာအသင်းက ကိုလံဘီယာတိုက်စစ်မှူး ဒူရန်အတွက် ပြောင်းရွှေ့ကြေးကို ယူရို(၈၅)သန်းဟု သတ်မှတ်လိုက်ကြောင်း သိရသည်။ 

ဒူရန်သည် ၂၀၂၃ ဇန်နဝါရီတွင် ချီကာဂိုဖိုင်းယားအသင်းမှ အက်စတွန်ဗီလာအသင်း သို့ ပေါင်(၁၅)သန်းဝန်းကျင်ဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။ 

၎င်းသည် ပြီးခဲ့သည့်ရာသီမှစ၍ အက်စတွန်ဗီလာအသင်းတွင် ခြေစွမ်းပြနေသည့်အတွက် ဘာစီလိုနာနှင့် ချယ်လ်ဆီးအသင်းတို့၏ ပစ်မှတ်ထားခြင်းခံနေရသည်။ 

ထို့ကြောင့် အက်စတွန် ဗီလာအသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၈၅)သန်းဟု သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၁) နှစ်သာ ရှိသေးသည် ဒူရန်သည် ယခုရာသီတွင် အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ (၂၆) ပွဲတွင် (၁၂) ဂိုး သွင်းယူထားသည်။ 

၎င်းသည် အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံတွင် (၉၇၆) မိနစ်သာ ကစားထားရပြီး (၈၁) မိနစ်တွင် (၁) ဂိုး သွင်းယူထားခြင်းဖြစ်သည်။ 


READ NEXT
Cancel OK