ဘာစီလိုနာနှင့် စာချုပ်သက်တမ်းတိုးမည်ဟု ယမားလ် ကတိပေး
24htopnews | January 10, 2025 4:12 PM CST

ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်က မိမိအနေဖြင့် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
စပိန်တိုက်စစ်ကစားသမား ယမားလ်(၁၇ နှစ်)သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ယမားလ်ကို စာချုပ်သစ်ချုပ်ဆိုရန်အတွက်ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
ယမားလ်က ''ဘာစီလိုနာနဲ့ ဘယ်တော့ စာချုပ်လက်မှတ်ထိုးရမလဲ ကျွန်တော် မသိပါဘူး။ သိပ်မကြာတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာစီလိုနာက ကျွန်တော့်ဘဝဖြစ်ပြီး အသင်းနဲ့ဖြစ်နိုင်သမျှ မြန်မြန်စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာစီလိုနာအတွက်ပဲ ကျွန်တော် ကစားချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ယမားလ်သည် လက်ရှိစျေးကွက်တန်ဖိုးအရ ယူရိုသန်း(၁၈၀)တန်ကြေးရှိသည့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်