
စပိန်အမျိုးသားအားကစားကောင်စီ(CSD) က ဘာစီလိုနာအသင်း ကွင်းလယ်နှင့် တိုက်စစ်ကစားသမား အော်လ်မို၊ ပါအူဗစ်တာတို့၏ကိစ္စကို အပြီးသတ်ဆုံးဖြတ်ချက်မချမီအချိန်အထိ ၎င်းတို့အား ယာယီကစားခွင့်ပြုရန် ဇန်နဝါရီ ၈ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် စပိန်လက်ရွေးစင်ကစားသမား အော်လ်မို (၂၆ နှစ်) နှင့် ပါအူဗစ်တာ (၂၃ နှစ်) ကို ၂၀၂၄-၂၀၂၅ ရာသီအကြို နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သော်လည်း လစာအသုံးစရိတ် ကန့်သတ်ချက်ကျော်လွန်နေသဖြင့် ဒီဇင်ဘာ ၃၁ ရက်အထိ ရာသီဝက်ကာလအတွက်သာ မှတ်ပုံတင်နိုင်ခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီကြောင်း သက်သေမပြနိုင်သလို ထပ်မံတိုးမြှင့်ပေးသည့် ဇန်နဝါရီ ၃ ရက်အထိလည်း ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) က အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို ရာသီကုန်အထိ ဆက်လက်သက်တမ်းတိုးခွင့်ပြုရန် ဘာစီလိုနာအသင်း၏ တောင်းဆိုမှုအား လက်မခံဘဲ ဇန်နဝါရီ ၄ ရက်တွင် ပယ်ချခဲ့သည်။
ဘာစီလိုနာအသင်းက အဆိုပါဆုံးဖြတ်ချက်ကို CSD ထံ အယူခံဝင်ရာ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စအား အပြီးသတ်ဆုံးဖြတ်ချက် မချမီအချိန်အထိ ၎င်းတို့ကို ယာယီကစားခွင့်ပြုရန် CSD က ခွင့်ပြုပေးခဲ့သည်။
သို့ဖြစ်ရာ အော်လ်မိုနှင့် ပါအူဗစ်တာမှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ခွင့်မရဘဲ လွဲချော်ခဲ့သော်လည်း ဗိုလ်လုပွဲ၌ ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
''သူတို့နှစ်ယောက်အတွက် တကယ်ဝမ်းသာရသလို တစ်သင်းလုံးအတွက်လည်း ကျွန်တော်ပျော်ရွှင်ပါတယ်။ အဲဒီသတင်းကြားရတဲ့အချိန် ကားထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတာ ခင်ဗျားတွေ့မှာပါ။ အဲဒါက ကောင်းပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် တစ်သင်းလုံး ပျော်ရွှင်နေကြတယ်လို့ ကျွန်တော်ထင်တယ်။ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တင်မဟုတ်ဘဲ သူတို့လည်း ဝမ်းသာနေပါတယ်'' ဟု ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဘီလ်ဘာအိုအသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားသည်။
လာလီဂါပြိုင်ပွဲကမူ CSD ၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်မည်ဟု ထုတ်ပြန်ခဲ့ပြီး တစ်ရာသီအတွင်း အသင်းတစ်သင်းတည်းမှာပင် ဒုတိယအကြိမ် ပြန်လည်မှတ်ပုံတင်ခွင့်ပြုရန် မဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စအတွက် CSD ၏ အယူခံကြားနာစစ်ဆေးမှုမှာ သုံးလခန့်ကြာမြင့်နိုင်ကြောင်း သုံးသပ်ထားပြီး ၎င်းတို့အနေဖြင့် အပြီးသတ်ဆုံးဖြတ်ချက်ချမည့်အချိန်အထိ ကစားခွင့်ရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ဇန်နဝါရီ ၁၂ ရက်တွင် စပိန်စူပါဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်