Top News

အသင်းကြီးတစ်သင်းမဖြစ်သေးကြောင်း လူကာကူဖွင့်ဟ
24htopnews | January 10, 2025 3:13 PM CST

အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူက မိမိတို့အသင်းအနေဖြင့် အသင်းကြီးတစ်သင်း မဖြစ်သေးကြောင်းပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်စီးရီးအေပွဲစဉ် (၈)တွင် တိုရီနိုအသင်းအား အိမ်ကွင်း၌ (၂)ဂိုးရှုံးအနေအထားဖြင့် ကစားခဲ့ရပြီး နောက်ကျဂိုးများသွင်းယူကာ (၄-၂)ဂိုး ဖြင့်အနိုင်ရခဲ့သည်။

လူကာကူက ''အရိုးသားဆုံးဝန်ခံရရင် ကျွန်တော်တို့အသင်းဟာ အသင်းကြီးတစ်သင်းရဲ့ဟန်ပန်မျိုး မဖြစ်သေးပါဘူး။ ကျွန်တော်တို့ဟာ မာန်မပါဘဲကစားနေသလို၊ နိုင်ပွဲအတွက်ပြင်းပြတဲ့ဆန္ဒမျိုးလည်း မရှိပါဘူး။ ပွဲပြီးခါနီးမှ ကျွန်တော်တို့ နိုးထနိုင်ခဲ့ပြီး ဒီအရာကပဲ နိုင်ပွဲရစေခဲ့တာပါ'' ဟု တိုရီနို အသင်းနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။


READ NEXT
Cancel OK