Top News

ကစားသမား (၃)ဦးအား မရောင်းချရန် ပီယာလိုပိတ်ပင်ခဲ့
24htopnews | January 10, 2025 3:13 PM CST

ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက အသင်းမှထွက်ခွာရန် နီးစပ်နေသည့်ကစားသမား (၃) ဦးကို မရောင်းချရန်ပိတ်ပင်ခဲ့ပြီး တူရင်မြေ၌ ဆက်ရှိစေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ပရီးမီးယားလိဂ်သို့ရောက်ရှိရန်နီးစပ်ခဲ့သည့် နောက်ခံလူ ဒီမီရယ်လ်၊ အသင်းမှထွက်ခွာရန် သတင်းများထွက်ပေါ်ခဲ့သည့် ဒန်နီလိုနှင့် ရာဘီယူတို့ (၃)ဦးအား ပီယာလိုက မရောင်းချရန်တားမြစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ (၃)ဦးမှာ အသင်း၌ ပွဲကစားခွင့်များရရှိနေသလို၊ နည်းပြပီယာလို၏လက်အောက်တွင်လည်း ယုံကြည်မှုများ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြောင်း Football Italia က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK