Top News

နာပိုလီနှင့်ပွဲတွင် အီဘရာဟီမိုဗစ် ရာသီအစ စီးရီးအေ(၆)ပွဲဆက် ဂိုးသွင်းသည့်စံချိန် တင်နိုင်ခဲ့သော်လည်း ကြွက်သားဒဏ်ရာရရှိခဲ့
24htopnews | January 10, 2025 3:13 PM CST

အေစီမီလန်နာမည်ကျော် တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် နာပိုလီနှင့်ပွဲတွင် ရာသီအစ စီးရီးအေ(၆)ပွဲဆက် ဂိုးသွင်းနိုင်သည့် (၄)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သော်လည်း ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် (၇၉)မိနစ်တွင် လူစားလဲခဲ့ရသည်။

အီဘရာဟီမိုဗစ်သည် နာပိုလီနှင့်ပွဲတွင် အသင်းအတွက် ဦးဆောင်ဂိုး(၂)ဂိုး သွင်းယူပေးခဲ့ပြီး ယခုရာသီ စီးရီးအေသွင်းဂိုး(၁၀)ဂိုး ပြည့်မြောက်ခဲ့သည်။

ယင်းကြောင့် အီဘရာဟီမိုဗစ်သည် စီးရီးအေပွဲစဉ်(၈)အပြီးတွင် (၁၀)ဂိုး သွင်းနိုင်သည့် အသက်အကြီးဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီး ယင်းဂိုးများအား (၆)ပွဲဆက် သွင်းယူခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပွဲချိန်(၇၈)မိနစ်တွင် အီဘရာဟီမိုဗစ်သည် ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိဟန်ပြခဲ့ပြီး လူစားလဲခဲ့ရသည်။

ပွဲအပြီးတွင် နည်း ပြ ပီအိုလီ ကိုဗစ်ကြောင့် အနားယူနေရသဖြင့် ကိုယ်စားကိုင်တွယ်သည့် ဘိုနီရာက ဒဏ်ရာအကြောင်း အတည်ပြုခဲ့ပြီး မပြင်းထန်ရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။

ဘိုနီရာက ''အခုတော့ ဒဏ်ရာအကြောင်းကို အများကြီး မသိရသေးပါဘူး။ ကြည့်ရတာတော့ ကြွက်သားဒဏ်ရာ ဖြစ်မယ်ထင်ပါတယ်။ ရက်အနည်းငယ် စောင့်ကြည့်ပြီးမှ ဘယ်လောက်အနားယူရမလဲဆိုတာ သိရပါလိမ့်မယ်''ဟု ဆိုခဲ့သည်။

အီဘရာဟီမိုဗစ်၏ ဒဏ်ရာသတင်းမှာ ပွဲကျပ်များ ဆက်တိုက်ကစားရတော့မည့် အေစီမီလန်အတွက် သတင်းဆိုးဖြစ်ခဲ့သည်။

အေစီမီလန်အသင်းသည် နှစ်သစ်ကူးမတိုင်မီ ပြိုင်ပွဲစုံ(၉)ပွဲအထိ ကစားသွားရမည် ဖြစ်သည်။ 


READ NEXT
Cancel OK