
စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဟာရီကိန်းသည် တိုက်စစ်မှူးတစ်ဦးအပေါ် ပရိသတ်များ၏ အမြင်ကို ပြောင်းလဲစေသည့် ကစားသမားတစ်ဦးဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။
ဟာရီကိန်းသည ယခုရာသီမတိုင်မီ နောက်ဆုံးကစားခဲ့သည့် (၃)ရာသီတွင် စုစုပေါင်း ဂိုးဖန်တီးမှု (၈) ကြိမ်ရှိခဲ့သူဖြစ်ပြီး၊ ယခုရာသီတွင်မူ (၉)ပွဲကစားပြီးချိန်တွင် ဂိုးဖန်တီးမှု (၉)ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီဖြစ်သည်။
သူသည် အသင်း၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အမြဲရပ်တည်ခဲ့သူ ဖြစ်သော်လည်း ယခုရာသီပရီးမီးယားလိဂ်တွင်မူ ဆွန်ဟောင်မင်က (၉)ဂိုး သွင်းယူကာ ၎င်းက (၇)ဂိုးသွင်းယူထားသည်။
မော်ရင်ဟိုက "ဟာရီကိန်းက တိုက်စစ်မှူးတစ်ဦးအပေါ် ပရိသတ်တွေရဲ့အမြင်ကို ပြောင်းလဲပေးတဲ့ ကစားသမားတစ်ဦးဖြစ်လာပါလိမ့်မယ်။ အရင်ကတော့ ပရိသတ်တွေက တိုက်စစ်မှူးတစ်ဦးဆိုတာ ဂိုးတွေသွင်းမှ တာဝန်ကျေတယ်လို့ ထင်ကြပြီး၊ အခုအချိန်မှာတော့ တိုက်စစ်မှူးတစ်ဦးဟာ ပွဲတစ်ပွဲမှာ ဂိုးမသွင်းနိုင်ရင်လည်း Man of the Match ကို ရနိုင်ပါတယ်။ သူက အသင်းရဲ့စိတ်ပိုင်းဆိုင်ရာအတွက်ရော၊ တိုက်စစ်အခင်းအကျင်းအတွက်ပါ အရေးအကြီးဆုံးနေရာမှာ ရှိနေပါတယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်လည်း မျှော်လင့်မနေကြောင်းကို ဆက်လက်ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့အသင်းက အမှတ်ပေးချန်ပီယံဆုအတွက် ကစားနေတာမဟုတ်ပါဘူး။ နောက်တစ်ပွဲက ဘယ်အသင်းနဲ့ဖြစ်ဖြစ် နိုင်ပွဲရဖို့ ကြိုးစားနေတာပါ" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်