Top News

ရုပ်သံကုမ္ပဏီများသည် ဘောလုံးသမားများအတွက် လုံးဝစဉ်းစားခြင်းမပြုဘဲ အကျိုးအမြတ်သာကြည့်နေဟု ကလော့ပ်ဝေဖန်
24htopnews | January 10, 2025 3:13 PM CST

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လက်စတာအသင်းကို အနိုင်ရရှိကာ အမှတ်ပေးဇယားဒုတိယနေရာသို့ ရောက်ရှိလာသည့် ပွဲစဉ်အပြီးတွင် ရုပ်သံကုမ္ပဏီများအပေါ် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

ကလော့ပ်က "ကျွန်တော်တို့အသင်းအတွက် ပြောနေတာမဟုတ်ဘူး။ ဘောလုံးသမားအားလုံးအတွက်ပြောနေတာ။ Sky တို့ BT တို့က ဘောလုံးပွဲတွေကို ဗုဒ္ဓဟူးပြီးရင် စနေ ဆက်ကစားခိုင်းစေချင်တယ်။ ကျွန်တော်က ဘောလုံးသမားတွေဘက်ကို သူတို့ ထည့်မစဉ်းစားပေးဘူးဆိုတာ သိပါတယ်။ ဒီကိစ္စကို အကြိမ်ပေါင်းများစွာ ပြောလာပေမဲ့ ဘာမှ ပြောင်းလဲမှုမှ မရှိတာ။ ဒါလီဗာပူးလ်အတွက် ပြောနေတာလည်း မဟုတ်ဘူး။ ပီကေး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်။ အခု ဆာကာ ဒဏ်ရာရသွားပြန်ပြီ။ ဆာကာက အင်္ဂလန်အသင်းအတွက် (၃) ပွဲကစားပေးခဲ့ပြီး၊ ကလပ်အသင်းအတွက် ဆက်ကစားပေးရတယ်။ ဒါဟာ ကစားသမားတွေအတွက် အန္တရာယ်များလွန်းပါတယ်"ဟုဆိုခဲ့သည်။

ကလော့ပ်၏ အမြင်ကို စပါးအသင်းနည်းပြ မော်ရင်ဟိုကထောက်ခံခဲ့ပြီး လူစားလဲခွင့် (၄)ဦး၊ (၅)ဦးရမည် ဆိုလျှင်ပင် ယခုထက်ပိုကောင်းနိုင်သည်ဟု ဆိုခဲ့သည်။

ဒီဘရိုင်းနားကလည်း "ကျွန်တော့်နားချိန်က ဘယ်မှာလဲ။ လက်ရွေးစင်ပွဲတွေက ပြန်လာတယ်။ Covid Test ကြောင့် ကလပ်ကို သွားခွင့်မရဘူး။ ပြီးတော့ ကလပ်အတွက် တန်းကစားရတယ်။ အနားယူချိန်ရော၊ အသင်းနဲ့ လေ့ကျင့်ချိန်ပါ အလုံအလောက်မရပါဘူး" ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK