
ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း၏ကမ်းလှမ်းမှုရရှိထားသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ၏ အပြောင်းအရွှေ့ကို ထိုင်းလိဂ်ရာသီဝက်အပြောင်းအရွှေ့ကာလရောက်မှသာ အပြီးသတ်ဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်း ရတနာပုံအသင်းအထွေထွေမန်နေဂျာ ဦးအတာဦးက ပြောကြား သည်။
ထိုင်းကလပ် ဘူရီရမ်အသင်းသည် ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ပြီးခဲ့သည့်ရက်ပိုင်းက ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ရောင်းချမည်ဆိုပါက ပြောင်းရွှေ့ကြေးပေးချေသွားရန် စီစဉ်ထားကြောင်း သိရသည်။
အောင်သူ၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ ရတနာပုံအသင်းအပါအဝင် ၎င်းအားကမ်းလှမ်းထားသည့် ဘူရီရမ်အသင်းဘက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ထိုင်းလိဂ်၏ ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အပြီးသတ်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအတာဦးက Eleven Sports သို့ ပြောကြားသည်။
''အောင်သူရဲ့ အပြောင်းအရွှေ့ကိစ္စကတော့ လက်ရှိမှာ ညှိနှိုင်းထားတုန်းပဲ ရှိပါသေးတယ်။ အတည်ပြုထုတ်ပြန်ချက် မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင် ကမ်းလှမ်းလာတဲ့ ဘူရီရမ်အသင်းက သူတို့ရဲ့ အပြောင်း အရွှေ့ကာလနဲ့တိုက်ပြီး အပြီးသတ်လှုပ်ရှားမယ့်သဘောရှိပါတယ်။ လက်ရှိမှာကတော့ အသင်းရယ်၊ ကစားသမားရယ် ညှိနှိုင်းနေကြတုန်း အခြေအနေပဲ ရှိပါတယ်။ အတည်ပြု ချက် မရှိသေးပါဘူး''ဟု ဦးအတာဦးက ပြောကြားသည်။
ထိုင်းလိဂ်၏ ရာသီဝက်အပြောင်းအရွှေ့ကာလကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သတ်မှတ်ထားပြီး ဘူရီရမ်အသင်းအနေဖြင့် အောင်သူကို ခေါ်ယူနိုင်ရန် ယင်းကာလအတွင်း အပြီးသတ်ညှိနှိုင်း မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်သူသည် ရတနာပုံအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးကြောင်း ရတနာပုံအသင်းက အတည်ပြုထားပြီး ယခု အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ်ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း သုံး သပ်မှုများရှိနေသည်။
အသက် ၂၄ နှစ်ရှိပြီ ဖြစ်သည့် အောင်သူကလည်း လာမည့်ရာသီတွင် ထိုင်းလိဂ်၌ ပြန်လည်ကစားရန် ဆန္ဒရှိနေကြောင်းနှင့် ပြောင်းရွှေ့ခွင့်ပြုရန် ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
အောင်သူသည် ထိုင်းလိဂ်တွင် သွားရောက်ကစားဖူးသည့် အတွေ့အကြုံ ရှိသူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် Police Tero အသင်းနှင့် ၂၀၁၉ ခုနှစ်တွင် မြောင်တောင်အသင်း၌ သွားရောက်ကစားခဲ့သော်လည်း ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်