
ဒူဘိုင်းအားကစားကောင်စီမှ ကမကထပြု၍ ဥရောပကစားသမားအေးဂျင့်များအဖွဲ့အစည်း(EFAA)၊ ဥရောပကလပ်အသင်းများအဖွဲ့အစည်း(ECA)တို့ ပူးပေါင်းချီးမြှင့်သည့် Globe Soccer Award ဆုပေးပွဲအခမ်းအနားကို ဒီ ဇင်ဘာ(၂၇)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဆန်ခါတင်စာရင်းများကို တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ Globe Soccer Award ကို ၂၀၁၀ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဆုအမျိုးအစား ပေါင်း (၁၆)မျိုးအထိ ချီးမြှင့်ခဲ့သည်။
ယခု ၂၀၂၀ ခုနှစ်အတွက် ဆုအမျိုးအစား(၈)မျိုးသာ ချီးမြှင့်မည်ဖြစ်သော်လည်း ထူးခြားသည်မှာ ရာစုနှစ်အကောင်းဆုံးဆုများကို ရွေးချယ်ချီးမြှင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ချီးမြှင့်မည့်ဆုများမှာ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးကလပ်အသင်းဆု၊ အကောင်းဆုံးနည်းပြဆု၊ ဂုဏ်ထူးဆောင်ကစားသမားဆု၊ ရာစုနှစ်အကောင်းဆုံးကစားသမားဆု၊ ရာစုနှစ်အ ကောင်းဆုံးနည်းပြဆု၊ ရာစုနှစ်အကောင်းဆုံးကလပ်အသင်းဆု၊ ရာစုနှစ်အကောင်းဆုံးအေးဂျင့်ဆုတို့ဖြစ်သည်။
ရာစုနှစ်အကောင်းဆုံးဆုများရွေးချယ်ရာတွင် ၂၀၀၁ ခုနှစ်မှ ၂၀၂၀ ခု နှစ်အတွင်း ဖြတ်သန်းမှုကိုသာ ပိုင်းခြားအကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ချီးမြှင့်မည့် ဆု(၈)မျိုးအနက် ဂုဏ်ထူးဆောင်ကစားသမားဆုမှလွဲ၍ ကျန်(၇)မျိုးအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ (၂၈)ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။
ထို့ပြင် ယင်းဆုအတွက် Globe Soccer ဝက်ဘ်ဆိုက်တွင် ပရိသတ်များ ဝင်ရောက်မဲပေးနိုင်မည်ဖြစ်ပြီး ပရိသတ်များ၏ ဆန္ဒမဲကိုပါ ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆုပေးပွဲကို ဒူဘိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Marca မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။
■ ရာစုနှစ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်း
စီရော်နယ်လ်ဒို၊ မက်ဆီ၊ အင်နီယေစတာ၊ ရော်ဘင်၊ ဘက်ခမ်၊ ကန်နာဗာရို၊ တော့တီ၊ လမ်းပတ်၊ ဘူဖွန်၊ ကာဆီးလက်စ်၊ ကာကာ၊ ဘာပေ၊ ဖီဂို၊ မိုဒရစ်၊ နော်ယာ၊ ဆာလာ၊ နေမာ၊ ဂျရတ်၊ ဇာဗီ၊ အီဘရာဟီမိုဗစ်၊ ဇီဒန်း၊ ဖိလစ်လမ်း၊ လီဝန်ဒေါစကီး၊ ပီယာလို၊ ရှက်ဗ်ချင်ကို၊ ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒို၊ ရာမို့စ်
■ ရာစုနှစ်အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း
ဒေးရွှမ့်၊ ဂွါဒီယိုလာ၊ အန်ဆယ်လော့တီ၊ ဖာဂူဆန်၊ ဒဲလ်ဘော့စ်၊ လစ်ပီ၊ ယော်ကင်လိုး၊ မော်ရင်ဟို၊ စကိုလာရီ၊ ဇီဒန်း
■ ရာစုနှစ်အကောင်းဆုံးကလပ်အသင်းဆု ဆန်ခါတင်စာရင်း
အယ်လ်အာလီ၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ PSG၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ
■ ၂၀၂၀ ခုနှစ် အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်း
စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီး၊ မက်ဆီ၊ မာနေ၊ နာဘရီ၊ အီမိုဘီလီ၊ မာကင်ဟို့စ်၊ ဘန်ဇီမာ
■ ၂၀၂၀ ခုနှစ် အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း
ဟန်ဆီဖလစ်ခ်၊ ယာဂန်ကလော့ပ်၊ လိုပယ်တယ်ဟီ၊ ဂတ်စ်ပါရီနီ၊ တူဟယ်လ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်