
ဒေါ့မွန်အသင်းမှ နော်ဝေလက်ရွေးစင်လူငယ်တိုက်စစ်မှူး ဟော်လန်းသည် လျော်ကြေးစာချုပ် ချုပ်ဆိုထားခြင်းရှိ၊ မရှိ အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးလူငယ်ကစားသမားဆု(Golden Boy)ကို ရရှိထားသော ဟော်လန်းသည် ထိပ်သီးအသင်းများစွာက ခေါ်ယူလိုသည့် ပစ်မှတ်ကစားသမား တစ်ဦး ဖြစ်နေသည်။
လာမည့် ၂၀၂၂ ခုနှစ်တွင် ၎င်းကို ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်းဖြင့် ရရှိနိုင်မည်ဟု သတင်းထွက်ခဲ့သည်။
ဒေါ့မွန်အသင်းသည် ဟော်လန်းကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာတွင် ၂၀၂၂ ခုနှစ်၌ အသင်းမှ ထွက်ခွာလိုပါက ယူရို (၇၅)သန်းသာပေးချေရမည့် လျော်ကြေးစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယင်းသတင်းမှာ ကောလာဟလသာဖြစ်သည်ဟု ဖော်ပြမှုများလည်း ရှိနေသည်။
ဟော်လန်းသည် ဥရောပလိဂ်ပြိုင်ပွဲများ၌ ယှဉ်ပြိုင်ကစားနေသော အသက်(၂၁)နှစ်အောက် လူငယ်ကစားသမားများကို ရွေးချယ်ချီးမြှင့်သည့် ၂၀၂၀ ခုနှစ်အတွက် Golden Boy ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အပြောင်းအရွှေ့သတင်းများ ပိုမိုလှုပ်ခတ်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်