
ယခုနောက်ဆုံး ပြင်သစ်ကြယ်ပွင့် ဘာပေမှာ ၂၀၂၁ မျက်နှာဖုံးရှင်အဖြစ် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က သတ်မှတ်ခံရပြီးနောက် သောကြာနေ့တွင်ကစားခဲ့သည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
FIFA EA Sports ဂိမ်စ်းတွင် မျက်နှာ ဖုံးရှင်အဖြစ် ဖော်ပြခံရပြီးနောက် နာမည် ကျော်ဘောလုံးသမားများ၏ ဆိုးရွားသည့် ကံကြမ္မာမျာကို ဝေဖန်ထောက်ပြမှုများရှိလာခဲ့သည်။ ယခုနောက်ဆုံး ပြင်သစ်ကြယ်ပွင့် ဘာပေမှာ ၂၀၂၁ မျက်နှာဖုံးရှင်အဖြစ် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က သတ်မှတ်ခံရပြီးနောက် သောကြာနေ့တွင်ကစားခဲ့သည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
ယခုအခါ စမ်းသပ်စစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီးနောက် ဘာပေ၏ ညာဘက်ခြေချင်းဝတ်မှာ အဆစ်လွဲသွားခဲ့ခြင်းဖြစ်ကြောင်း နှင့် သုံးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း PSG အသင်းက အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များကို သြဂုတ် ၁၂ မှ ၁၅ ရက်အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး အတ္တလန်တာ - PSG ပွဲမှာ အစောဆုံးပွဲအဖြစ် သြဂုတ် ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ထို့ကြောင့် ဘာပေသည် ယင်းပွဲကို လွဲ ချော်ရတော့မည်ဖြစ်ပြီး PSG အသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်မှသာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ ၂၀၁၇ တွင် မာကိုရွိုက်စ်၊ ၂၀၁၈ နှင့် ၂၀၁၉ တွင် စီရော်နယ်လ်ဒို၊ ၂၀၂၀ တွင် ဟာဇက်စသည့်ကစားသမားများမှာ ဒဏ်ရာ၊ ခြေစွမ်း ကျဆင်းမှု၊ လူမှုရေးပြဿနာ၊ မမျှော်လင့်သည့် အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယင်းမတိုင်မီကလည်း ဘက်ခမ်၊ ကာကာစ သည့် နာမည်ကြီးကစားသမားများမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံရပြီးနောက် အလားတူဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်