
MFF သည် ယခုနှစ်ဆန်းပိုင်းတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအား နည်းပြချုပ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး အရှေ့တောင်အာရှအသင်းများကို ကိုင်တွယ်ခဲ့ဖူးသည့် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ် ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ လေ့ကျင့်ပြင်ဆင်ချိန်ရရန် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်သစ် ဗစ်တာဟာမန်စ်အား စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
MFF သည် ယခုနှစ်ဆန်းပိုင်းတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအား နည်းပြချုပ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး အရှေ့တောင်အာရှအသင်းများကို ကိုင်တွယ်ခဲ့ဖူးသည့် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ် ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ MFF သည် နှစ်လယ်ပိုင်းကတည်းက ခန့်အပ်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး လေကြောင်းလိုင်းများပြန်ဖွင့်ပြီး ပြည်ဝင်ခွင့်ပေးမှသာ တရားဝင်ခန့်အပ်နိုင်မည်ဖြစ်သည်။
" နည်းပြသစ်ကို ပြင်ဆင်ချိန်ရအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လာမယ့်နှစ်ဆန်းပိုင်းမှ ကျင်းပမှာဖြစ်ပေမယ့် နှစ်လလောက် ကြို ပြင်ဆင်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ ကစားသမားရွေးချယ်နိုင်ဖို့ MFF Knock Out Cup ပြိုင်ပွဲအမီ ရောက်ရှိလာအောင် ကြိုးစားနေပါတယ်။ အဲဒီပြိုင်ပွဲကိုကြည့်ပြီး ကစားသမားတွေ ရွေးချယ်နိုင်မှာဖြစ်ပါတယ်" ဟု MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
ဗစ်တာဟာမန်စ်သည် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး နည်းပြသက်တမ်း နှစ် ၃၀ ဝန်းကျင်ရှိသည့် နည်းပြတစ်ဦးလည်းဖြစ်သည်။ MFF သည် ယခင်က မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ဂျပန်နှင့် အီရန် နိုင်ငံသားများကိုသာ ခန့်အပ်ခဲ့ဖူးပြီး ဥရောပနိုင်ငံသားတစ်ဦးကို ပထမဆုံးအကြိမ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ MFF သည် ဗစ်တာဟာမန်စ်ကို ခန့်အပ်ရန် သဘောတူညီမှုရထားခြင်းဖြစ်ပြီး ၎င်းရောက်ရှိလာမှသာ အပြီးသတ် စာချုပ်ချုပ်ဆိုမည်ဖြစ်ကာ ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးထိ တာဝန်ပေးအပ်မည်ဖြစ်သည်။
အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်အစား လာမည့်နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ပြန်လည်ကျင်းပမည် ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ ဆိုင်းထားရသည့် ပြိုင်ပွဲများအနက် ဖူဆယ် နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲသာ ပြန်လည်ကျင်းပရန် ရက်သတ်မှတ်ရသေးပြီး ဘောလုံးပြိုင်ပွဲများကို ရက်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀၀၆ ခုနှစ်က စတင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ဒုတိယတစ်ကြိမ်၊ တတိယနှစ် ကြိမ် ရရှိထားသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၆ ပြိုင်ပွဲတွင် အမြင့်ဆုံးအဖြစ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်