
ဒွန်နာရမ်မာနှင့် အီဘရာဟီမိုဗစ်တို့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ သီးသန့်ရဟတ်ယာဉ်ဖြင့် အေးဂျင့်ရိုင်အိုလာရှိရာသို့သွားရောက်၍ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေစီမီလန်အသင်းသည် ဂိုးသမားဒွန်နာရမ်မာနှင့် အငှားခေါ်ယူထားသည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ် တို့ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းသိရသည်။
ဒွန်နာရမ်မာနှင့် အီဘရာဟီမိုဗစ်တို့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ သီးသန့်ရဟတ်ယာဉ်ဖြင့် အေးဂျင့်ရိုင်အိုလာရှိရာသို့သွားရောက်၍ စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေစီမီလန်အသင်းသည် အီဘရာဟီမိုဗစ်ကို တစ်နှစ်လစာယူရို (၄) သန်းဖြင့် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားသော်လည်း ကစားသမားဖြစ်သူက တစ်နှစ်လစာယူရို (၆)သန်းအထိ အလိုရှိနေသည်။
အသက် (၂၁)နှစ်အရွယ်ဂိုးသမား ဒွန်နာရမ်မာသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သူ့ကို ဥရောပထိပ်သီးအသင်းအချို့က စိတ်ဝင်စားနေကြသည်။ အေစီမီလန်အသင်းသည် ဒွန်နာရမ်မာကို လစာတိုးမြှင့်ပေး၍ စာချုပ်သက်တမ်းတိုးဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်