Top News

လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်နှင့် ဂျပ်စတင်ဂေးချီ အောက်တိုဘာ ၂၄ ရက် ထိုးသတ်မည်ဟု UFC ဥက္ကဋ္ဌ ဒေနာဝှိုက် အတည်ပြု
24htopnews | January 10, 2025 12:12 PM CST

UFC လိုက်ဝိတ်တန်းချန်ပီယံ ရုရှား MMA ကစားသမား ခါဘစ်နှင့် Interim ချန်ပီယံ အမေရိကန်ကစားသမား ဂျပ်စတင်ဂေးချီတို့ အောက်တိုဘာ ၂၄ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က အတည်ပြုပြောကြားသည်။

''အဲဒီပွဲက ဖြစ်လာတော့မယ်ဆိုတာ အခု ခင်ဗျားကို ပြောနိုင်ပါပြီ။ ဒီပွဲကဖြစ်လာတော့မှာပါ။ သူ့ (ခါဘစ်) အဖေက သူ့အတွက်တော့ သူရဲကောင်းတစ်ယောက်ပါ။ သူက သူ့အဖေကိုချစ်သလို အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ဒီအခြေအနေက သူ့အတွက် အရမ်းခက်ခဲပါတယ်''ဟု ဒေနာဝှိုက်က CNN သတင်းဌာနသို့ ပြောကြားသည်။

ခါဘစ်၏ ဖခင်ဖြစ်သူ အဗ္ဗဒူလ်မာနက်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဇူလိုင် ၃ ရက်တွင် ကွယ်လွန်သွားပြီး ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေစဉ် UFC ဥက္ကဋ္ဌက ဂျပ်စတင်ဂေးချီနှင့်ပွဲအကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အသက် ၃၁ နှစ် ရှိပြီဖြစ်သူ ခါဘစ်သည် MMA ပွဲစုစုပေါင်း ၂၈ ပွဲထိုးသတ်ရာ ရှုံးပွဲလုံးဝမရှိဘဲ ပွဲတိုင်းအနိုင်ရထားသူဖြစ်ပြီး စက်တင်ဘာတွင် ဒပ်စတင်ပွိုင်ရီယာကို အနိုင်ရပြီးနောက် တစ်နှစ်ကျော်အကြာမှသာ Octagon သို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

၎င်းနှင့်ထိုးသတ်မည့် Interim ချန်ပီယံ ဂေးချီ (၃၁ နှစ်) မှာလည်း ၂၄ ပွဲကစား၊ ၂၂ ပွဲအနိုင်ရကာ နှစ်ပွဲသာ ရှုံးနိမ့်ထားသူဖြစ်သည်။

ဂေးချီသည် ပြီးခဲ့သည့်မေလတွင် ခါဘစ်နှင့် တိုနီဖာဂူဆန်တို့ ပွဲပျက်သွားသဖြင့် အစားထိုးယှဉ်ပြိုင်စဉ်  (၅)ချီ၌ အလဲထိုးအနိုင်ရကာ Interim ချန်ပီယံခါးပတ်ရရှိခဲ့ခြင်းဖြစ်သည်။

ချန်ပီယံ ခါးပတ်ပေါင်းစည်းပွဲ ထိုးသတ်မည့်နေရာကိုမူ အတည်မပြုရသေးကြောင်း သိရသည်။

 


READ NEXT
Cancel OK