
လာဇီယိုအသင်းသည် မန်စီးတီးအသင်းနှင့်လမ်းခွဲခဲ့သည့် စပိန်ဝါရင့်ကွင်းလယ်ူ ဒေးဗစ်ဆေးလ်ဗားအား ခေါ်ယူရန် ပြင်ဆင်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၃၄)နှစ်အရွယ်ရှိ ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းတွင် (၁၀)ရာသီကြာ ကစားပြီးနောက် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအပြီးတွင် အသင်းနှင့်လမ်းခွဲခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၈)ပွဲတွင် (၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားအား ခေါ်ယူရန် ဒူဘိုင်းကလပ်များနှင့် မေဂျာလိဂ်ကလပ်များက စိတ်ဝင်စားနေကြပြီး ယခုအခါ လာဇီယိုအသင်းကပါ ၎င်းကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
လာဇီယိုအသင်းသည် လာမည့် ၂၀၂၀-၂၁ ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိထားပြီး အသင်း၏ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်သည့် ဒေးဗစ်ဆေးလ်ဗားကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်