
တရုတ်နိုင်ငံရှိ ဒါဇင်နှင့်ချီသောမြို့များတွင် COVID-19 ကူးစက်မှုအစုအဖွဲ့များ ပေါ်ပေါက်လာသောကြောင့် မတ် ၇ ရက်၌ နှစ်နှစ်အတွင်း ၎င်း၏အမြင့်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်အထိ မြင့်တက်လာခဲ့ကာ ယင်းသည်တရုတ်ပြည်မကြီးအစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် စိန်ခေါ်မှုအသစ်များ သက်ရောက်စေခဲ့သည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန် လုပ်ဆောင်နေချိန်တွင် တရုတ်မူဝါဒချမှတ်သူများသည် လုံးဝသည်းခံခြင်းနည်းလမ်းကို ဆက်လက်လုပ်ဆောင်နေသောကြောင့် နိုင်ငံ၏နယ်စပ်များကို ဆက်လက်ပိတ်ထားခဲ့သည်။
တရုတ်ပြည်မကြီးတွင် မတ် ၇ ရက်က နိုင်ငံတစ်ဝန်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီး ယင်းအရေအတွက်သည် ဝူဟန်မြို့တွင် ဗိုင်းရပ်စ်စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ချိန်ကတည်းက ကူးစက်မှုနှုန်းအများဆုံး ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံတောင်ဘက်ပိုင်းရှိ ဟောင်ကောင်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အထိန်းအကွပ်မဲ့ ပျံ့နှံ့နေပြီး လူနာများကြောင့် ဆေးရုံများတွင် ဝန်ပိနေကာ Lockdown ချမှတ်မည်စိုးသောကြောင့် ဒေသခံများ အလုအယက်စျေးဝယ်ယူနေကြချိန်တွင် တရုတ်ပြည်မကြီး၌လည်း ကူးစက်မှုနှုန်း မြင့်တက်လာသည့် သတင်းထွက်ပေါ်လာခဲ့သည်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းအပေါ် စိုးရိမ်မှုများမြင့်တက်လာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ပြင်းထန်သည့် ဗိုင်းရပ်စ်ထိန်းချုပ်မှု မဟာဗျူဟာ၏ရေရှည်တည်တံ့မှုအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်နှောင်းပိုင်း၌ COVID-19 ကပ်ရောဂါစတင်ပေါ်ပေါက်လာခဲ့ပြီး ထိုအချိန်ကတည်းက တရုတ်အစိုးရသည် ပြည်တွင်းကူးစက်မှုဖြစ်စဉ်တစ်ခုချင်းစီအတွက် ပြင်းထန်သော Lockdown များနှင့် ပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို ခြေရာခံရန် နည်းပညာများ အသုံးပြုမှုနှင့်အတူ လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှုများဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။
ဟောင်ကောင်တွင်မူ တာဝန်ရှိသူများက တရုတ်ပြည်မကြီး၏ Lockdown မူဝါဒနှင့် ကိုဗစ်ကူးစင်ရေးမူဝါဒကို လိုက်နာလုပ်ဆောင်ရန် သင့်၊မသင့် ရောထွေးနေသော ထုတ်ပြန်ချက်များ ရှိနေသည်။
တရုတ်ထိပ်သီးသိပ္ပံပညာရှင်တစ်ဦးက တရုတ်သည် ဗိုင်းရပ်စ်နှင့်အတူယှဉ်တွဲနေထိုင်သင့်ပြီး မကြာမီ ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာဆောင်ရွက်ချက်ကို လက်လွှတ်နိုင်သည်ဟု လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
သို့သော်အမျိုးသားပြည်သူ့လွှတ်တော် ပြောခွင့်ရပုဂ္ဂိုလ် ကျန်းယီဆူးက လာမည့်နှစ်များအတွက် မူဝါဒများချမှတ်လေ့ရှိသည့် နှစ်စဉ်ပြုလုပ်နေကြ ပါလီမန်အစည်းအဝေးများမတိုင်မီ ယင်းသိပ္ပံပညာရှင်၏ စိတ်ကူးအကြံဉာဏ်နှင့် သဘောထားကွဲလွဲကြောင်း မတ်၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
“အခုလျှောက်လှမ်းနေတဲ့လမ်းကြောင်းက လမ်းမှန်ပါ။ ရလဒ်တွေကလည်း ကောင်းမွန်ပါတယ်။ ကာကွယ်ထိန်းချုပ်မှုတိုင်းဟာ ကုန်ကျစရိတ်အချို့ရှိမှာဖြစ်ပေမယ့် လူ့အသက်တွေနဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒီကုန်ကျစရိတ်က တန်ပါတယ်” ဟု ယီဆူးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်