
COVID-19 ကပ်ရောဂါသည် လက်ရှိတွင် ၎င်း၏သုံးနှစ်မြောက်ကာလတွင်းသို့ ဝင်ရောက်လာချိန်တွင် ကမ္ဘာတစ်ဝန်းလုံး၌ တရားဝင်ထုတ်ပြန်ချက်များအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်သန်းနီးပါးရှိလာပြီး ကပ်ရောဂါပြီးဆုံးရန် အလှမ်းကွာဝေးလျက်ရှိသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် လူများအား နှာခေါင်းစည်းများ တပ်ဆင်ရမည့်စည်းမျဉ်းများကို ဖြေလျှော့ခြင်း၊ ခရီးသွားလာမှုများ ပြန်လည်လည်ပတ်လုပ်ဆောင်လာခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့်တိုင် ယခုဗိုင်းရပ်စ်ကြောင့် သေဆုံးသူမှတ်တိုင်သည် ကပ်ရောဂါ၏ မဆုတ်မနစ်သော သဘောသဘာဝ၏ နောက်ဆုံးအကြိမ်မြောက် ဝမ်းနည်းဖွယ်သတိပေးချက်ဖြစ်သည်။ မတ် ၇ ရက် မနက်ပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅,၉၉၉,၁၅၈ ဦးရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ထားသည်။
လူသူအရောက်အပေါက်နည်းသော ပစိဖိတ်ကျွန်းများသည် နှစ်နှစ်ကျော်အတွင်း ၎င်းနိုင်ငံသားများကို ကပ်ရောဂါကူးစက်မှုမှ ကာကွယ်ထားနိုင်သော်လည်း အလွန်ကူးစက်မြန်အိုမီခရွန်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုကြောင့် လက်ရှိတွင် ၎င်းတို့၏ ပထမဆုံးကူးစက်မှုဖြစ်စဉ်များနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဖြစ်စဉ်များ ရှိလာခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုနှုန်းမြင့်တက်နေသည့် ဟောင်ကောင်တွင် တရုတ်ပြည်မကြီးအစိုးရ၏ ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာကို ချမှတ်လုပ်ဆောင်နေချိန်တွင် ယခုလအတွင်း ၎င်း၏မြို့ခံ ၇.၅ သန်းလုံးကို သုံးကြိမ်မြောက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှုလုပ်ဆောင်နေသည်။
ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် အခြားအရှေ့ဥရောပနိုင်ငံများတွင် ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုမြင့်တက်နေချိန်တွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း အားနည်းပြီး ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းမြင့်တက်သည့် စစ်မက်ဖြစ်ပွားနေသော ယူကရိန်းနိုင်ငံမှ ဒုက္ခသည်တစ်သန်းကျော်သည် ယင်းဒေသအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
အမေရိကန်နိုင်ငံကမူ ချမ်းသာကြွယ်ဝပြီး ကာကွယ်ဆေးအလွယ်တကူ ရရှိထိုးနှံပေးနေသော်လည်း နိုင်ငံတွင်းဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် တစ်သန်းနီးပါးအထိရှိလာခဲ့သည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည့် COVID-19 ကာကွယ်ဆေး မထိုးနှံရသေးသူများအကြားတွင် အမြင့်ဆုံးဖြစ်နေဆဲဖြစ်သည်ဟု စင်ကာပူဆေးဘက်ဆိုင်ရာ အမျိုးသားတက္ကသိုလ်၏ ဧည့်ပါမောက္ခတစ်ဦးလည်းဖြစ်ပြီး အာရှပစိတ်ဖိတ်ကာကွယ်ဆေးထိုးနှံမှု ညွန့်ပေါင်းအဖွဲ့၏ တွဲဖက်ဥက္ကဌ တစ်ကီပန်းက ပြောကြားခဲ့သည်။
“ဒါဟာ ကာကွယ်ဆေးမထိုးနှံရသေးသူတွေရဲ့ ရောဂါတစ်ခုပါ။ လက်ရှိဟောင်ကောင်မှာ ဖြစ်ပွားနေတာကိုပဲ ကြည့်လိုက်ပါ။ ကျန်းမာရေးစနစ်ယိမ်းယိုင်နေပါပြီ။ ပြင်းထန်ရောဂါကူးစက်ခံရသူတွေနဲ့ သေဆုံးသူအများစုဟာ ကာကွယ်ဆေးမထိုးနှံရသေးသူတွေ၊ ရောဂါအခံရှိသူတွေဖြစ်ပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သုတေသနမူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူးဟောင်း ပန်းက ပြောကြားခဲ့သည်။
COVID-19 ကြောင့် သေဆုံးသူအရေအတွက်သည် ၁၄ သန်းမှ ၂၃.၅ သန်းကြား ရှိလာနိုင်ကြောင်း The Economist မှ အလွန်အကျွံသေဆုံးမှုဖြစ်စဉ်ကို ခွဲခြားစိတ်ဖြာသည့် အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်