Top News

ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု တောင်ကိုရီးယားနိုင်ငံတွင် ၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တူရကီ၊ ဘရာဇီး၊ ရုရှားနှင့် ဂျာမနီနိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်း အသီးသိီးလျော့ကျခဲ့
24htopnews | January 10, 2025 11:12 AM CST

ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု တောင်ကိုရီးယားနိုင်ငံ၌ ၆၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တူရကီ၊ ဘရာဇီး၊ ရုရှား နှင့် ဂျာမနီနိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်း အသီးသီးလျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှုအနေဖြင့် ဂျာမနီနိုင်ငံတွင် ရှစ်ရာခိုင်နှုန်း၊ ရုရှားနိုင်ငံတွင် ၂၆ ရာခိုင်နှုန်း ၊ တူရကီနိုင်ငံတွင် ၁၀ ရာခိုင်နှုန်းနှင့် ဘရာဇီးနိုင်ငံတွင် ၃၃ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

ထို့ပြင် သေဆုံးမှုအနေဖြင့် အမေရိကန်နိုင်ငံတွင် သုညရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၂၆ ရာခိုင်နှုန်း၊ တူရကီနိုင်ငံတွင် လေးရာခိုင်နှုန်း လျော့ကျခဲ့ပြီး ရုရှားနိုင်ငံ၌ သုံးရာခိုင်နှုန်းနှင့် မက္ကစီကိုနိုင်ငံတွင် ၃၉ ရာခိုင်နှုန်းစီ အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။                                    

တိုကျိုအပါအဝင် ဒေသအချို့၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကန့်သတ်ရန် ရောဂါကူးစက်မှုထိန်းချုပ် ရေးအစီအမံများကို သက်တမ်းတိုးရန်ပြင်ဆင်နေစဉ် နိုင်ငံတွင်းသို့ နောက်ထပ်လူများ အထူးသဖြင့် ကျောင်းသားများကို ပိုမိုဝင်ရောက် ခွင့်ပြုရေးအတွက် ဂျပန်အစိုးရက နယ်စပ်ထိန်းချုပ်မှုများ ဖြေလျှော့ပေးရေး စီစဉ်ဆောင်ရွက်နေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါသည် လက်ရှိတွင် ဂျပန်သို့ တစ်နေ့လျှင် လူ  ၅၀၀၀ ဝင်ခွင့်ပြုထားရာမှ ၇၀၀၀ အထိ ဝင်ခွင့်ပေးသွားမည်ဟု မီဒီယာက ဖော်ပြခဲ့ပြီး နေ့စဉ်ခွင့်ပြုစာရင်းတွင် ကျောင်းသားများ ပါဝင်မည်မဟုတ်ဘဲ ၎င်းတို့ကိုသီးခြားခွဲ၍ စဉ်းစားပေးမည်ဟု ပြောကြားခဲ့သည်။

စီးပွားရေးခေါင်းဆောင်များနှင့် ကျောင်းဆရာများထံမှ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိစဉ် ဂျပန်အစိုးရသည် နိုင်ငံ၏ တင်းကျပ်သော နယ်စပ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းအား ယခုသီတင်းပတ်အစောပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ရာ ကျောင်းသားများနှင့် ပြည်ပလုပ်သားများကို ပိုမို ဝင်ခွင့်ပြုမည်ဖြစ်သည်။

ဝန်ကြီးချုပ်ကီရှီဒါသည် ကိုရို နာဗိုင်းရပ်စ် အရေးပေါ်စီမံချက် သက်တမ်းတိုးခြင်းကို ကြေညာမည် ဖြစ်သလို အစီအမံသစ်များကိုပါ ကြေညာမည်ဟု သိရသည်။

ပြည်ပကျောင်းသား တစ်သိန်းခွဲသည် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ဂျပန်နိုင်ငံသို့ ဝင်ခွင့်မရခဲ့ပေ။ ထို့ပြင် ပြည်ပလုပ်သားများလည်း ဂျပန်သို့ ဝင်ခွင့်မရခဲ့ပေ။ ဂျပန်သည် လူဦးရေကျဆင်းလာသည့် သက်ကြီးရွယ် အိုများရှိရာ နိုင်ငံဖြစ်၍ ပြည်ပလုပ်သားများကို အလွန်အမင်း လိုအပ်လျက်ရှိသည်။

ထို့ကြောင့် ပြည်ပလုပ်သားများကို ၂၀၂၀ ပြည့်နှစ်ကတည်းက ဝင်ခွင့်မပေးခြင်းက လုပ်သားရှားပါးမှု ပြဿနာများနှင့် ဂျပန်၏နိုင်ငံတကာ ဂုဏ်သတင်းကို ထိခိုက်စေသည်ဟူသော သတိပေးမှုများကို ချက်ချင်း ပေါ်ပေါက်စေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရသူ အရေအတွက် စတင်ကျဆင်းလာပြီဖြစ်သော်လည်း အိုမီ ခရွန်မျိုးကွဲဗိုင်းရပ်စ်နှင့် ရုန်းကန်နေရသော ဂျပန်ဆေးရုံများမှာ ဖိအား ကြုံနေရသည်။

ဖေဖော်ဝါရီလသည် လက်ရှိအချိန်အထိ ကပ်ရောဂါအဆိုးဆုံး ဖြစ်ပွားသော လဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ ၄၈၅၆ ဦးရှိခဲ့သည်ဟု NHK အမျိုးသားရုပ်သံက ဖော်ပြခဲ့သည်။

ဗဟိုအစိုးရသည် မတ် ၆ ရက်တွင် သက်တမ်းကုန်မည့် ကူးစက်ရောဂါထိန်းချုပ်ရေး အစီအမံများကို သက်တမ်းတိုးရန် ဂျပန်အနောက်ပိုင်းရှိ ကျိုတိုနှင့် အိုဆာကာတို့အပါအဝင် စီရင်စုငါးခုမှ မေတ္တာရပ်ခံမှုများကို လက်ခံရရှိထားသည်ဟု အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ် ဟီရိုကာဇူမတ်ဆူနိုက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

တိုကျိုအပါအဝင် အခြားစီရင် စု ၁၀ ခု ၌ စားသောက်ဆိုင်ဖွင့်ချိန် လျှော့ချထားခြင်း၊ အရက်ရောင်းချမှု များအပေါ် ကန့်သတ်ခြင်းများ ပါဝင်သည့် အစီအမံများကို နှစ်ပတ်၊ သုံးပတ် သက်တမ်းတိုးမည်ဟု မျှော်လင့် ရကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ကီရှိဒါသည် ရုရှား၏ ယူကရိန်းကျူးကျော်မှုအား ရှင်းလင်း ပြောကြားမည်ဟု မျှော်လင့်ရသည်။ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ဂျပန်သည် ပြည်ပ မဟာမိတ်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။


READ NEXT
Cancel OK