
ယူကရိန်းစစ်လေယာဉ်ကို လက်ခံထားသည့်ကိစ္စနှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုရှားက ယူကရိန်းအိမ်နီးချင်းနိုင်ငံများကို သတိပေးခဲ့သည်။
ယင်းသို့သတိပေးချက်တွင် နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံပါဝင်နေခဲ့ပြီး ယူကရိန်းစစ်လေယာဉ်များကို လက်ခံထားသောနိုင်ငံများအနေဖြင့် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်လာနိုင်သည်ဟု ရုရှားက သတိပေးခဲ့သည်။
“ယူကရိန်းတိုက်ခိုက်ရေးလေယာဉ် ရိုမေးနီးယားနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေကို ပျံသန်းသွားတာကို ကျွန်တော်တို ့သေသေချာချာသိထားပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အီဂေါကိုနာရှင်ကော့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ရုရှားစစ်တပ်ကို နောက်ဆက်တွဲအင်အားသုံးလာခြင်းနဲ့အတူ ယူကရိန်းစစ်တပ်လေကြောင်းပျံသန်းတာကို လက်ခံဖို့အတွက် အဲ့ဒီနိုင်ငံတွေရဲ့ လေယာဉ်ကွင်းတွေကို ချိတ်ဆက်အသုံးပြုတာဟာ လက်နက်ကိုင်ပဋိပက္ခမှာ အဲ့ဒီနိုင်ငံတွေပါဝင်မှုအဖြစ် မှတ်ယူနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ဒါဟာအရပ်သားတွေ အသတ်ခံနေရတဲ့ မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာကို အာရုံလွှဲဖို့ ဖန်တီးထားတဲ့ လေလုံးထွားမှုပါပဲ။ လက်နက်ကိုင်တိုက်ပွဲရဲ့ စည်းကမ်းတွေကို မထီမဲ့မြင်ပြုတာဖြစ်ပါတယ်” ဟု ရိုမေးနီးယားဝန်ကြီးချုပ် နီကိုလေးကျူကာက ရုပ်သံအင်တာဗျူးတွင် ပြောကြားခဲ့သည်။
ရုရှားက ရိုမေးနီးယားကို ခြိမ်းခြောက်ချင်သည့် အရာအားလုံးကို လုပ်ဆောင်နိုင်သည်ဆိုသော်လည်း မိမိတို့အနေဖြင့် ခြိမ်းခြောက်မှုခံရသည်ဟု ယူဆစရာအကြောင်းမရှိဟု ၎င်းက ပြောကြားခဲ့သည်။
ရုရှားက ယူကရိန်းကို စတင်ကျူးကျော်သည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းဂျက်တိုက်လေယာဉ်တစ်စီးကို ရိုမေးနီးယားဝေဟင်ပိုင်နက်တွင် ကြားဖြတ်ဟန့်တားခဲ့ပြီး ဆင်းသက်စေခဲ့ကြောင်း ရိုမေးနီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်ကို ကျူကာက ပြောကြားခဲ့သည်။
လေပိုင်နက်ကျူးကျော်ဝင်ရောက်ခြင်းနှင့် နည်းပညာဆိုင်ရာပြဿနာကြောင့်ဖြစ်ရကြောင်း လေယာဉ်မှူးက ရိုမေးနီးယားအာဏာပိုင်များကို ပြောကြားခဲ့သည်။
၎င်း၏ဂျက်တိုက်လေယာဉ်ကို လက်နက်တပ်ဆင်ခြင်းမပြုစေဘဲ ရက်ပိုင်းအတွင်း ထွက်ခွာခွင့်ပေးခဲ့ပြီး ရုရှားနှင့် နားလည်မှုမလွဲစေရေးအတွက် ယင်းဖြစ်ရပ်ကို အားလုံးထင်သာမြင်သာရှိအောင် အများပြည်သူသို့ ထုတ်ပြန်ပေးခဲ့သည်ဟု ကျူကာက ဖြည့်စွက်ပြောကြားခဲ့သည်။
ယူကရိန်း၏ တိုက်ပွဲအသင့်ပြင်ဂျက်တိုက်လေယာဉ်သည် အားလုံးနီးနီး ဖျက်ဆီးခံထားရသည်ဟု ကိုနာရှင်ကော့က ပြောကြားခဲ့သည်။
နောက်ထပ်ရုရှား၏ တိုက်ခိုက်မှုများကို ဟန့်တားရန် အနောက်အင်အားကြီးနိုင်ငံများအနေဖြင့် ယူကရိန်းကောင်းကင်ယံတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လင်စကီးက ထပ်တလဲလဲ တောင်းဆိုခဲ့သည်။
ယူကရိန်းကောင်းကင်ယံ၌ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်သော နိုင်ငံမှန်သမျှကို လက်နက်ကိုင်တိုက်ပွဲအတွင်း ဝင်လာသောနိုင်ငံအဖြစ် ရုရှားက ယူဆမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့သည်။
ယူကရိန်းမြို့ကြီးများမှ အရပ်သားများထွက်ခွာရေးလမ်းကြောင်းကို ဖွင့်ပေးထားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း အပစ်ရပ်ဆဲမှုကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်လမ်းကြောင်း ဖွင့်ပေးခြင်းသည် အောင်မြင်မှုမရဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်