Top News

၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် ဂျပန်အသင်းနှင့် အဝေးကွင်းပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း ယနေ့ ထွက်ခွာသွားခဲ့ပြီး အပြီးသတ်ကစားသမား ၂၄ ဦး ရွေးချယ်ခေါ်ဆောင်သွား
24htopnews | January 10, 2025 3:12 AM CST

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် ဂျပန်လက်ရွေးစင်အသင်းနှင့် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရန် နိုဝင်ဘာ ၁၃ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာသွားခဲ့ပြီး အပြီးသတ်ကစားသမား ၂၄ ဦး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာသည် ယခုလအတွင်း ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲနှစ်ပွဲအတွက် ပဏာမကစားသမား ၂၉ ဦး ရွေးချယ်ကာ နိုဝင်ဘာ ၆ ရက်မှ စတင်လေ့ကျင့်ခဲ့သည်။

အပြီးသတ်ကစားသမား ၂၄ ဦး ရွေးချယ်ခဲ့ရာတွင် ပဏာမကစားသမားများထဲမှ ပြည့်ဖြိုးအောင် (ဂိုး)၊ မိုးဆွေအောင်၊ ထက်ဖြိုးဝေ၊ ခွန်ကျော်ဇင်ဟိန်း၊ ဥက္ကာနိုင်နှင့် အောင်မြတ်သူတို့ (၆)ဦးအား ချန်ရစ်ခဲ့ပြီး နောက်ခံလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း)ကို ပြန်လည်ဖြည့်တင်းခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာသည် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအဖြစ် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကစားသမားအများစုကို အခြေခံကာ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း မကာအိုနှင့် ကစားခဲ့သည့် ပထမအဆင့်ခြေစစ်ပွဲတွင် ပါဝင်ခဲ့သည့် ှ အောင်ကောင်းမာန်နှင့် ခွန်ကျော်ဇင်ဟိန်းတို့ (၂)ဦးမူ ပြန်လည်ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲများအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင် ဂျပန်နှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယားနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတို့ နှင့် အုပ်စု (B)တွင် ကျရောက်နေသည်။  

မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

ဂိုး - ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊  ဆန်းဆက်နိုင် (ရန်ကုန်)၊ ဇင်ညီညီအောင် (ဒဂုံစတား)

နောက်တန်း - ရဲမင်းသူ၊ နန္ဒကျော်၊ ဇွဲခန့်မင်း၊ (ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ လတ်ဝေဘုန်း (ဧရာဝတီ)၊ ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ-ထိုင်း)၊ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း)

အလယ်တန်း - ဝေလင်းအောင်၊ ဆွမ်လမန် (ဒဂုံစတား)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန်)၊  နေမိုးနိုင်၊ ဟိန်းထက်အောင် (နီဂျီရီဆမ်ဘီလန်-မလေးရှား)၊ ကျော်မင်းဦး (PDRM မလေးရှား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ လွင်မိုးအောင် (ရရောင်း-ထိုင်း)

ရှေ့တန်း - အောင်သူ (အူထိုင်းထာနီ-ထိုင်း)၊ ဝင်းနိုင်ထွန်း (ဘော်နီယို-အင်ဒိုနီးရှား)၊ သန်းပိုင် (ချင်းမိုင်ယူနိုက်တက်-ထိုင်း)

 


READ NEXT
Cancel OK